၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နေပြည်တော်စုပေါင်း စက်ဘီးစီးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နေပြည်တော်စုပေါင်း စက်ဘီးစီးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော်    ဖေဖော်ဝါရီ    ၈

     ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နေပြည်တော် စုပေါင်းစက်ဘီးစီးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှေ့၌    ကျင်းပသည်။

စက်ဘီးစီးပွဲသို့ နေပြည်တော်အားကစားနှင့်      ကာယပညာကော်မတီ နာယက နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ  တာဝန်ရှိသူများ၊ စက်ဘီးစီးဝါသနာရှင် အားကစားသမားများ တက်‌ရောက်ကြသည်။

ဦးစွာ     နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးက သေနတ်ပစ်ဖောက်၍ နေပြည်တော် စုပေါင်းစက်ဘီးစီးပွဲကို တာလွှတ်ပေးသည်။

 ထို့နောက် နေပြည်တော် စုပေါင်းစက်ဘီးစီး ဝါသနာရှင် အားကစားသမား ၂၀၀ ဦးတို့က ၈ ကီလိုမီတာ စက်ဘီးစီးကြပြီး ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှေ့သို့ ပြန်လည် ရောက်ရှိကြရာ စက်ဘီးနှစ်စီး၊ စက်ဘီးစီး ဖရိန်တစ်ခုနှင့် စက်ဘီးစီးဝတ်စုံ ၁၁ စုံတို့ကို ကံစမ်းမဲဖောက်ပေးကာ နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည် တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက  ကံစမ်းမဲပေါက်သည့် အားကစားသမားများအား    ဂုဏ်ပြုပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။