မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်
နေပြည်တော် ဖေဖော်ဝါရီ ၈
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်(ယနေ့)(တနင်္ဂနွေနေ့) ည ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC(I) ၌ ခမ်းနားထည်ဝါစွာ စီစဉ်ကျင်းပ သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနား ကျင်းပပုံများကို ယင်းနေ့ ညနေ ၄ နာရီခန့်မှစတင်၍ MRTV-HD၊ MRTV Farmers’၊ MRTV Sports၊ MRTV Parliament၊ MRTV-4 ၊ Channel-7၊ 5 Plus၊ Channel-9၊ MNTV၊ SKY Premier Channel ၊ Fortune Channel၊ Channel K၊ M Entertainment Channel၊ MWD-HD Channel၊ MWD Variety–HD Channel တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM၊ ချယ်ရီ FM၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပုဂံ FM ၊ Star FM နှင့် သဇင်FMတို့မှလည်းကောင်း၊ MOI Website၊ MOI Youtube၊ MRTV Website၊ MRTV App: Radio App: နှင့် Mahar Youtube Channel၊ Htv Facebook နှင့် Hey Play Facebook Page အပါအဝင် Online Media တို့မှလည်းကောင်း တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။
ထိုသို့ MRTV HD Channel မှ Live ထုတ်လွှင့်မှုကြောင့် ပုံမှန်သတင်းချိန်များဖြစ်သော ညနေ ၄ နာရီ၊ ည ၆ နာရီ နှင့် ည ၈ နာရီတို့တွင် ထုတ်လွှင့်လျက်ရှိသည့်သတင်းများအား MRTV News Channel မှ ဆက်လက်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင် အသိပေးအပ်ပါသည်။