မင်းဘူးမြို့ရှိ ဆေးအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်

 

မင်းဘူးမြို့ရှိ ဆေးအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်

 

မင်းဘူး  ဖေဖော်ဝါရီ  ၉

    မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု မရှိစေရေး၊ သတ်မှတ်စည်းကမ်းချက်များနှင့် အညီရောင်းချမှုရှိစေရေး စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၈ ရက် နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေး  နယ်နိမိတ်အတွင်းရှိ   ဆေးအရောင်းဆိုင်များ၌ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့မှ တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရောင်းချနေသော ဆေးအရောင်းဆိုင်များ၌  သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိ၊ ဆေးဝါးရောင်းချခွင့်လိုင်စင်သက်တမ်း ရှိ၊ မရှိ၊ ဆေးဝါးရောင်းချခွင့်လိုင်စင်ပါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပြည်သူများအတွက်   ဘေးကင်းလုံခြုံစိတ်ချရသော ဆေးဝါးများကိုသာ စနစ်တကျရောင်းချမှု ရှိစေရေးတို့ကို  စစ်ဆေးကြပ်မတ် ဆောင်ရွက်ကြောင်း သိရသည်။