ရှမ်းပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)မှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

 

ရှမ်းပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)မှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

 

တောင်ကြီး ဖေဖော်ဝါရီ  ၉

      ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းတွင်(၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ကို   ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)မှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်  ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)မှ အသင်းသူ၊ အသင်းသားများနှင့်  မိတ်ဖက်လူမှုရေး၊ ဘာသာရေးအသင်းမှ အသင်းသူ၊ အသင်းသား  သွေးအလှူရှင်များကို အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ရောဂါဗေဒအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ထားဆွေနှင့် ဆရာ၊ ဆရာမများက သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ဆေးခြင်းနှင့် သွေးဖောက်ခြင်းများကို ဆောင်ရွက်ပေးပြီး ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)မှ ခေတ္တဥက္ကဋ္ဌ ဦးစိုင်းရီကျောက်၊ ဒုတိယဥက္ကဋ္ဌ ဦးထွန်းတင်နှင့်တာဝန်ရှိသူများက သွေးအလှူရှင်များကို လိုက်လံကြည့်ရှု အားပေးကာအာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ ခေတ္တ ဥက္ကဋ္ဌ ဦးစိုင်းရီကျောက်က သွေးအလှူရှင်များမှ လှူဒါန်းထားသော သွေးအိတ် ၅၀ အိတ်အား ပေးအပ်လှူဒါန်းရာ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ဒေါက်တာသက်ထားဆွေက လက်ခံရယူသည်။

ထို့နောက်  အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ မေ့ဆေးအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲမြတ်ထွန်းက  ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA)မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းတင်အား စုပေါင်းသွေးလှူဒါန်း ပေးခြင်းအတွက်  ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြောင်း သိရသည်။