ရွှေတိဂုံစေတီတော်တွင် မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲကျင်းပ

ရွှေတိဂုံစေတီတော်တွင် မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲကျင်းပ

ရန်ကုန်   ဖေဖော်ဝါရီ   ၁၁

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲကို ယနေ့ ညနေ ပိုင်းတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာဇာနည်လမ်းရှိ ထန်းပင်ကုန်း၌ ကျင်းပသည်။

ပြိုင်ပွဲကို    ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်း၊ ထမနဲလှူဒါန်း ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ အလှည့်ကျသဘာပတိ   ဦးလှမြင့်နှင့် ဂေါပကအဖွဲ့၀င်များက   ရွှေကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲ၀င်အသင်းပေါင်း ၃၂   သင်း၏ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲအပြီးတွင် ဂေါပကအဖွဲ့ဝင်များက ထမနဲထိုးပြိုင်ပွဲ ပထမဆုရအသင်းအား ငွေကျပ်ဆယ်သိန်း၊ ဒုတိယဆုရ အသင်းအား ငွေကျပ်ခုနစ်သိန်း၊ တတိယဆုရအသင်းအား ငွေကျပ်ခြောက်သိန်း၊ စတုတ္ထအသင်းအား ငွေကျပ်ငါးသိန်း၊ ပဉ္စမအသင်းအား ငွေကျပ် လေးသိန်း၊ နှစ်သိမ့်ဆုနှစ်ဆုအတွက် ငွေကျပ် သုံးသိန်းစီနှင့် ဆုကလပ်များကို ပေးအပ်ချီးမြှင့်သည်။

ပြိုင်ပွဲဝင်အသင်းများ၏  ထမနဲများကို သံဃာတော်များအား ထမနဲဆွမ်းတော်ကြီး လောင်းလှူသွားမည် ဖြစ်သည့်အပြင် အများပြည်သူကို ကုသိုလ်ပြုဝေငှသွားမည်ဖြစ်ကြောင်း သိရသည်။