ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်အားပေး

ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်အားပေး

နေပြည်တော်  ဖေဖော်ဝါရီ  ၁၁

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ   ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်    တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်းအမှုထမ်းများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန လေးခုတို့မှ ပြိုင်ပွဲဝင် အသင်းများ၏ ထမနဲထိုး ယှဉ်ပြိုင်နေမှုများကို    ကြည့်ရှုအားပေးပြီး ဌာနတွင်း    စည်းလုံးညီညွတ်မှုရှိစေရေး၊ ရာသီအလိုက် ရိုးရာပွဲကို တန်ဖိုးထားမြတ်နိုးတတ်စေရေး၊ ဌာနချင်းပူးပေါင်းဆောင်ရွက်မှု အားပေးမြှင့်တင်ရေး တို့အတွက် ယခုကဲ့သို့ ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိကြသည့်  ဦးစီးဌာနအသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း  သိရသည်။