ယခုဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၂ သိန်းကျော်တင်ပို့ထား
ရန်ကုန် ဖေဖော်ဝါရီ ၁၃
ယခုဘဏ္ဍာနှစ် ၁၀ လတာကာလ အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၂ သိန်းကျော် တင်ပို့ထားကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်အထိ ၁၀ လတာကာလ အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ၂၂၄၄၂၅၄ တန် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၀၄၉ သန်းအထိ ရရှိခဲ့ခြင်းဖြစ် သည်။
ပြည်ပနိုင်ငံများသို့တင်ပို့ရာတွင် ဧပြီလ က အမေရိကန်ဒေါ်လာ ၅၅ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၁၁၈၆၂ တန်၊ မေလက အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁၂၈၀၊ ဇွန်လက အမေရိကန်ဒေါ်လာ ၈၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၆၂၃၂၆ တန်၊ ဇူလိုင်လက အမေရိကန်ဒေါ်လာ ၈၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၆၅၄၄၄ တန်၊ ဩဂုတ်လ က အမေရိကန်ဒေါ်လာ ၉၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၀၇၃၇၀၊ စက်တင် ဘာလက အမေရိကန်ဒေါ်လာ ၁၀၄ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၁၉၅၆၅ တန်၊ အောက်တိုဘာလက အမေရိကန်ဒေါ်လာ ၁၈၉ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၄၂၄၇၈၄ တန်၊ နိုဝင်ဘာလက အမေ ရိကန်ဒေါ်လာ ၁၅၆ သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ ၃၃၄၅၃၅ တန်၊ ဒီဇင်ဘာလက အမေရိကန်ဒေါ်လာ ၁၄၅ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၃၇၄၉၀၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလက အမေရိကန်ဒေါ်လာ ၁၀၁ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၀၉၅၉၈ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ယင်းသို့တင်ပို့ရာတွင် အောက်တိုဘာ လက ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်ဖြင့် အများဆုံးတင်ပို့ ထားပြီး နိုဝင်ဘာလက ပို့ကုန်ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၁၅၆ သန်းဖြင့် ဒုတိယအများဆုံးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်း ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော်ရရှိခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန်နှစ်သန်းကျော် တင်ပို့နိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရည် မှန်းထားပြီး လက်ရှိတွင် ၁၀ လတာဖြစ် သော်လည်း ပို့ကုန်လျာထားချက်ကို ပြည့်မီနေပြီဖြစ်ကြောင်း သိရသည်။