ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ
ရန်ကုန် မတ် ၁၅
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ဂုဏ် ပြုသောအားဖြင့် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)ဗဟိုမှ ကြီးမှူးပြီး စုပေါင်းသွေးလှူဒါန်းပွဲကို မတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့ အမျိုးသားသွေးလှူဘဏ်၌ ကျင်းပသည်။
"YMBA အသင်းကြီးအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေဆောင်ရွက်နေပါတယ်၊၊ ဒီနေ့ကတော့ နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အသင်းသူ၊ အသင်းသားတွေ စုပေါင်းသွေး လှူဒါန်းတာဖြစ်ပါတယ်။ ပြည်သူတွေ၊ တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုဝင်တွေ သွေးလိုအပ်တဲ့အခါမှာ အဆင်ပြေစွာ အသုံးပြုနိုင်ဖို့ရည်ရွယ် ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီနေ့ သွေး လှူဒါန်းပွဲမှာ အသင်းသား၊ အသင်းသူ ၁၀၀ ကျော် ပါဝင်လှူဒါန်းပါတယ်"ဟု ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုဒုတိယဥက္ကဋ္ဌ ဦးပြည်စိုးဟန်ကပြော သည်။
ထို့ပြင် နှစ် (၈၀) ပြည့် တပ်မတော်နေ့ ကိုဂုဏ်ပြုသောအားဖြင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဗဟိုမှ ကြီးမှူး၍ တပ်မတော်အရိုးရောဂါအထူး ကုဆေးရုံကြီး ခုတင်-၅၀၀ နှင့် တပ်မတော် ဆေးရုံကြီး ခုတင်-၁၀၀၀ တို့တွင်လည်း သွေးလှူဒါန်းခြင်းကို ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း၊ အရေးပေါ်သွေး လိုအပ်သူများအနေဖြင့် တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA) ရုံးများ၌ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရ သည်။