ပန်းတနော်မြို့နယ်၌ နွေရာသီကွန်ပျူတာသင်တန်းဖွင့်လှစ်

ပန်းတနော်မြို့နယ်၌ နွေရာသီကွန်ပျူတာသင်တန်းဖွင့်လှစ်

ပန်းတနော်   မတ်   ၁၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်ရှိ  ကျောင်းသား၊ကျောင်းသူများ နွေရာသီတွင်  နည်းပညာများကို   ကျွမ်းကျင်စွာအသုံးချနိုင်စေရန်ရည်ရွယ်၍ နွေရာသီကွန်ပျူတာသင်တန်းကို မတ်လ ၁၇ ရက်တွင် မြို့နယ်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌  ဖွင့်လှစ်သည်။

အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က နွေရာသီ ကျောင်းပိတ်ရက်ကာလတွင် ကွန်ပျူတာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို   ရှင်းလင်းပြောကြားပြီး   သင်တန်းအမှတ်စဉ်တစ်ခုလျှင် သင်တန်းသား ၂၀ ဦးအား   သင်ကြားပို့ချသွားမည်ဖြစ်ကာသင်တန်းကို ဧပြီလ ၁၁  ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီအခမဲ့သင်တန်းများတွင်ကွန်ပျူတာသင်တန်းအပြင် ပြည်သူများနှင့်    ကျောင်းသား၊   ကျောင်းသူများအတွက် အတတ်ပညာ ဗဟုသုတရရှိစေမည့်သင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့