အခြေခံပညာဆရာ၊ ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ရေး နည်းပြသင်တန်း ဆင်းပွဲကျင်းပ
ထားဝယ် မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ထားဝယ်ပညာရေးဒီဂရီကောလိပ် တိက္ခပညာခန်းမ၌ ၂၀၂၅ ခုနှစ် အခြေခံပညာဆရာ၊ ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ သင်တန်းဖွင့်လှစ်နိုင်ရေး နည်းပြသင်တန်းဆင်းပွဲကို မတ်လ ၁၆ ရက် ညနေပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားသည်။
ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းသို့ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများမှ မဟာပညာရေးဘွဲ့ရ ဆရာ၊ ဆရာမ ၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။