အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယနှစ်ဝက် အတန်းတင် စာမေးပွဲများ စတင်ကျင်းပ
ရန်ကုန် မတ် ၁၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) သင်တန်းမှ မဟာဝိဇ္ဇာတန်းအထိ ဒုတိယနှစ်ဝက် အတန်းတင် စာမေးပွဲများကို ယနေ့မွန်းတည့် ၁၂ နာရီတွင် တက္ကသိုလ်ရှိ စာသင်ခန်းမအသီးသီး၌ စတင်ကျင်းပရာ ပြည်တွင်း/ပြည်ပမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၂၅၅ ပါး/ဦးတို့ ဝင်ရောက်ဖြေဆိုလျက် ရှိကြပြီး စာမေးပွဲဖြေဆိုနေမှုများကို ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒနှင့် သင်ကြားဆရာတော်ကြီးများ၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။