နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်နှင့် ဧရာရပ်ကွက် ရပ်ကွက်ချင်းဆက် ဇော်ဂျွန်းနိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲ ကျင်းပ

 

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်နှင့် ဧရာရပ်ကွက် ရပ်ကွက်ချင်းဆက် ဇော်ဂျွန်းနိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၅ မတ် ၁၉ ရက်

         ၂၀၂၅ ခုနှစ်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်နှင့် ဧရာရပ်ကွက် အား ဆက်သွယ်ထားသည့် ဇော်ဂျွန်းလမ်းနိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

         ဦးစွာ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကတ္တရာလမ်းသစ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအထိမ်းအမှတ် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဇော်ဂျွန်းလမ်းနိုင်လွန်ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။