၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆို

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆို

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ မတ် - ၁၉

         ၂၀၂၄-၂၀၂၅ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲ ဖြေဆိုခြင်း မပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၃ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၈၀၄ ခု စာစစ်ဌာန စုစုပေါင်း ၈၁၇ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၂၀၈၄၃ ဦးရှိပြီး စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၅၈၀ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၄၅  ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေသန့်ဘူးများနှင့် အချိုရည်ဘူးများ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

ကျောင်းသား/ကျောင်းသူများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု နှင့် ပတ်သတ်၍ ဆရာ/ဆရာမများ နှင့် ကျောင်းသားတို့၏ ရင်တွင်းစကားသံကိုလည်း ယခုလိုပဲ ကြားသိရပါတယ်။

ဆရာမ

               ကျွန်မက အ.ထ.က (၂၂) အခြေခံပညာအထက်တန်းကျောင်းတက္ကသိုလ်ဝင်စာ မေးပွဲအတွင်း ကြီးကြပ်ရေးမှူးအဖြစ်တာဝန်ယူဆောင်ရွက်နေတာပါရှင့်။ ကျောင်းသား၊ ကျောင်း သူ ဖြေဆိုတဲ့စာရင်းရှိတာ က ၃၀၄ ဦးပါ။ တစ်ကယ်တမ်းဖြေဆိုတာက ၂၈၃ ဦးပါ။ ကျောင်းသား၊ကျောင်းသူ ဖြေဆိုတဲ့ရာခိုင်နှုန်းက ၉၃ ရာခိုင်နှုန်းရှိပါတယ်။  မြန်မာစာနေ့ကတော့ သူတို့ဖြေဆိုပြီးတဲ့အချိန်မှာ ရွှင်လန်းတက်ကြွပျော်ရွှင်စွာနဲ့ဖြေဆိုနိုင်ကြတဲ့အကြောင်းပြောပြီး ပြီးသွားခဲ့ပါတယ်။ အင်္ဂလိပ်စာနေ့မှာ အချိန်မစေ့ခင်ထွက်တာလည်းမရှိဘဲ၊ ကြိုးစားပြီး တော့ဖြေကြပါတယ်။ စနစ်သစ်နဲ့စနစ်ဟောင်းမှာတော့ ကွာခြားချက်ကစနစ်သစ်ရဲ့ သင်္ချာ၊ရူပဗေ နဲ့ဓာတုဗေဒဘာသာတွေ၊ ဘာသာရပ်တွေအားလုံးသူတို့ရဲ့ သင်ရိုးညွှန်းတမ်းတွေကအစ အဆင့်မြင့်လာတာကိုတွေ့ရပါတယ်။ အဲဒီအတွက်ကလေးတွေလည်း ကျွမ်းကျင်မှု၊ တတ်မြောက် မှုနယ်ပယ်အသီးသီး မှာလည်း ပိုမိုမြင့်မားလာမှာပါရှင့်။ အခြေခံပညာအထက်တန်းအဆင့် Grade - 12 ပြီးဆုံးသွားတယ်ဆိုတာ ကိုယ့်ရဲ့သမိုင်းမှတ်တန်းတစ်ခုဖြစ်ပါတယ်။  ကျောင်းသား၊ကျောင်း သူအားလုံးပဲ ကြိုးစားပြီးဖြေဆိုကြပါ။ အောင်မြင်အောင်လည်း ဖြေဆိုကြပါ။ ဂုဏ်ထူး တွေရအောင် လည်းဖြေဆို ကြပါလို့အားပေးပြောချင်ပါတယ်ရှင့်။

ကျောင်းသား

               မနေ့ကအင်္ဂလိပ်စာဖြေခဲ့အခါမှာ အားရမှုရှိသလို၊ အားမရမှုလည်း နည်းနည်းရှိပါ တယ်ခင်ဗျာ့။ မေးခွန်းအားလုံးကိုလည်း ဖြေဆိုနိုင်တယ်လို့မဟုတ်ပါဘူး။ တချို့တစ်ဝက်တွေက ကိုယ်ရဲ့ဉာဏ်နဲ့သိသလောက်တော့ ဖြေခဲ့ပါတယ်။ ဒီနေ့သင်္ချာမှာလည်း ကျွန်တော်ဂုဏ်ထူး တော့မှန်းထားပါတယ်။ မြန်မာနဲ့အင်္ဂလိပ်ကိုလည်း ဂုဏ်ထူးမှန်းထားပါတယ်။ ဖြေခဲ့တဲ့ဘာသာ တွေအားလုံးကို အားရမှုရှိတယ်လို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်အင်ဂျင်နီယာတစ် ယောက်ဖြစ်ချင်ပါတယ်။