မင်းကွန်းဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညအချိန်ဗုံးကြဲခဲ့သဖြင့် မင်းကွန်း ပုထိုးတော်ကြီးနှင့်မြသိန်းတန်စေတီကြားရှိသာသနိကအဆောက်အဦတချို့ ထိမှန် ပျက်စီး ကြောင်းသတင်းတု၊သတင်းမှားများလုပ်ကြံရေးသားလျက်ရှိ
နေပြည်တော်၊ ၂၀၂၅ မတ်၂၀ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊မင်းကွန်းဒေသအတွင်း လုံခြုံရေးတပ်ဖွဲ့ ဝင်များက ညအချိန်ဗုံးကြဲ၍ တိုက်ခိုက်ခဲ့သဖြင့် မင်းကွန်းပုထိုးတော်ကြီးနှင့်မြသိန်းတန် စေတီကြားရှိ သာသနိကအဆောက်အဦးတချို့ ထိမှန်ပျက်စီးကြောင်း သတင်းတု သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ အဆိုပါဒေသအနီးတစ်ဝိုက်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်း နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နေကြောင်းတာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်သည့် နေရာများအား လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် သာသနိကအဆောက်အဦများအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် ယခုကဲ့သို့ မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းဖြစ် ကြောင်းသတင်းရရှိသည်။