ပြိုင်ပွဲပြီးဆုံးရန် ခြောက်ပွဲ အလိုတွင်ပင် ပီအက်စ်ဂျီအသင်း ပြင်သစ်လီဂူး အမှတ်ပေးချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့

 

ပြိုင်ပွဲပြီးဆုံးရန် ခြောက်ပွဲ အလိုတွင်ပင် ပီအက်စ်ဂျီအသင်း ပြင်သစ်လီဂူး အမှတ်ပေးချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့

 

ပဲရစ်    ဧပြီ    ၆

      ပြင်သစ်လီဂူးပြိုင်ပွဲ  ပွဲစဉ်(၂၈)အဖြစ်ကစားသည့် ပီအက်စ်ဂျီအသင်းနှင့်   အန်ဂါးအသင်းတို့ပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းက အိမ်ကွင်း၌   ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက် ပြိုင်ပွဲပြီးဆုံးရန် ခြောက်ပွဲ အလိုတွင်ပင် ပြင်သစ်လီဂူး အမှတ်ပေးချန်ပီယံဆု ဖလား ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းသည်  ယခုဘောလုံးရာသီ  နည်းပြ  အင်းနရစ်လက်အောက်တွင် ရလဒ်ကောင်း များရရှိခဲ့ပြီအန်ဂါးအသင်းကို အနိုင်ရရှိပြီးနောက်  ပြင်သစ်လီဂူးပြိုင်ပွဲတွင် ၂၈ ပွဲကစားပြီးချိန် ၂၃ ပွဲအနိုင်ရရှိကာ  ငါးပွဲသရေရလဒ်ဖြင့် ရှုံးပွဲမရှိသေးဘဲ  ရမှတ် ၇၄ မှတ်ရရှိသည့်အတွက်  လက်ကျန်ပွဲစဉ် ခြောက်ပွဲအလိုတွင်ပင်  ပြင်သစ်လီဂူးအမှတ်ပေး ချန်ပီယံဆုဆွတ်ခူးနိုင်ရန် သေချာစေခဲ့သည်။

ပြင်သစ်လီဂူးပြိုင်ပွဲ၌  နောက်ဆုံး ဘောလုံးရာသီ ၁၀ ခုတွင် ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက  မိုနာကိုအသင်းနှင့် ၂၀၂၀-၂၀၂၁    ဘောလုံးရာသီက လိုင်လီအသင်းတို့ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီး ကျန်ဘောလုံးရာသီရှစ်ခုတွင်  ပီအက်စ်ဂျီအသင်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်လီဂူးပြိုင်ပွဲ၌  ပီအက်စ်ဂျီအသင်းသည် ယခုဘောလုံးရာသီတွင်  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ပြင်သစ်လီဂူးချန်ပီယံဆုကို ၁၃ ကြိမ် ‌မြောက်ရရှိခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်း အနေဖြင့် ပြင်သစ်ကိုပါဒယ်ရေး ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်ထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်အဆင့် တက်ရောက်ထားကာ အက်စ်တွန်ဗီလာ အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။