​​​​​​​ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင်အချို့ ထိခိုက်ပျက်စီး

ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင်အချို့ ထိခိုက်ပျက်စီး

နေပြည်တော်   ဧပြီ  ၁၉

အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူ  အထိတ်တလန့်ဖြစ်စေရန်နှင့်ထိခိုက်ပျက်စီးမှုများဖြစ်စေရန် ရည်ရွယ်၍ အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လျက်ရှိရာ ဧပြီလ ၁၈ ရက် ညနေ ၄ နာရီ၃၀   မိနစ်ခန့်တွင်     ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အကြမ်းဖက် မှုကိုလိုလားသည့်အဖွဲ့များက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုကိုလိုလား သည့်အဖွဲ့များသည် ဧပြီလ ၁၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာမှ    ကော့ကရိတ်မြို့အတွင်းသို့လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အမှတ်(၄)ရပ်ကွက်ရှိ တောင်ပေါ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ထားသည့် မဟာမြတ်မုနိဝတ်ကြီးဘုရားကျောင်းဆောင်၏အနောက်ဘက်မုခ်ဦးအနီး ဗုံးသီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့်  ကျောင်းဆောင်အတွင်းရှိ  မျက်နှာကြက်များနှင့်အုတ်နံရံများထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါအကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့်နေရာတစ်ဝိုက်အား   လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်  လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။