နည်းပြကလော့အနေဖြင့် မည်သည့်အသင်းကိုမှ တာဝန်ယူကိုင်တွယ်ဦးမည် မဟုတ်ကြောင်း အေးဂျင့်ဖြစ်သူ အတည်ပြု

 

နည်းပြကလော့အနေဖြင့် မည်သည့်အသင်းကိုမှ တာဝန်ယူကိုင်တွယ်ဦးမည် မဟုတ်ကြောင်း အေးဂျင့်ဖြစ်သူ အတည်ပြု

 

ဘာလင်   ဧပြီ  ၁၉

‌    လီဗာပူးအသင်းနည်းပြဟောင်း   ကလော့၏ အေးဂျင့်ဖြစ်သူ   မက်ကိုဆီကီက   နည်းပြကလော့ အနေဖြင့် မည်သည့်ကလပ်အသင်း၊ နိုင်ငံအသင်းကိုမှ   တာဝန်ယူ ကိုင်တွယ်ဦးမည်မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

နည်းပြကလော့သည် လီဗာပူးအသင်းကို ၂၀၁၅ ခုနှစ်မှစတင်ကိုင်တွယ်ခဲ့ပြီး အသင်းကို ဥရောပထိပ်တန်း အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပေး နိုင်ခဲ့ကာ နှစ်ပေါင်းအတန်ကြာကွာဝေးနေသည့် ပရီး မီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား အပါအဝင်    ဆုဖလားများစွာ ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက်  ပြီးခဲ့ သည့်ဘောလုံးရာသီအကုန်က   လီဗာပူးအသင်းနှင့် စာချုပ်ဖျက်သိမ်းကာ    လမ်းခွဲခဲ့ပြီး   ကလပ်အသင်း လက်မဲ့ဖြစ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကလပ်အသင်း လက်မဲ့ဖြစ်နေ သည့်   နည်းပြကလော့ကို  ရီးယဲလ်မက်ဒရစ်အသင်းက  နည်းပြအန်ဆယ်လော့တီ၏ နေရာ၌  အစားထိုး ရန်ကြိုးပမ်းနေသည်ဟု သတင်းများထွက်ပေါ်နေ သကဲ့သို့ နည်းပြလက်မဲ့ဖြစ်နေသည့် ဘရာဇီးအသင်း ကလည်း  ကလော့ကိုခန့်အပ်ရန်  ကြိုးပမ်းနေသည် ဟု  သတင်းများ ထွက်ပေါ်ခဲ့သည့်အတွက်  အေးဂျင့်ဖြစ်သူက  အဆိုပါသတင်းများကို  ဖြေရှင်းခဲ့ခြင်းဖြစ် သည်။

နည်းပြကလော့သည် ပြီးခဲ့သည့် ဘောလုံးရာသီအကုန်က   လီဗာပူးအသင်းနှင့် လမ်းခွဲပြီးနောက် ရက်ဘူးလ်ဘောလုံး အုပ်စုတွင်    အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိနေသူဖြစ်ကြောင်း သိရသည်။