နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ငလျင်ဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေး အခြေအနေများအား သွားရောက်ကြည့်ရှုအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
နေပြည်တော် ဧပြီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှု ခံယူလျက်ရှိသည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေ များကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသ ပျောက်ကင်းမှုအခြေအနေများကို မေးမြန်းလျှောက်ထားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းအား ပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံ၌တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေ အနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေး စွာ မေးမြန်း အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည် များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ငလျင် ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံအထူးကြပ်မတ်ကုသဆောင်အတွင်း ကုသမှုခံ ယူရလျက်ရှိသည့် ဆရာတော်တစ်ပါးနှင့် အရပ်သားပြည် သူနှစ်ဦးတို့အား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းပေးအပ်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် သာသနာနွယ်ဝင်သီလရှင် ဆရာကြီးနှစ်ပါးအား သွားရောက် ကြည့်ရှုအားပေးစကားပြောကြားပြီး အာဟာရ ဖြည့် စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော် ငွေများကို ဆက်ကပ်လှူဒါန်း ကြသည်။
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား သက်ဆိုင်ရာဒေသ အသီးသီးရှိ တပ်မတော် ဆေးရုံများ၌ကုသပေးနိုင်မှုအနေဖြင့် ဆေးရုံများသို့ ပြင်ပလူနာ အဖြစ် လာရောက်ကုသမှုခံယူခဲ့သည့် သံဃာတော် ၁၅ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သားပြည်သူ ၅၀၁၆ ဦးလိုအပ်သည့် ဆေးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုပြင်းထန်သဖြင့် လက်ရှိအချိန်အထိ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ သံဃာတော် ၅၁ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သား ပြည်သူ ၄၇၆ ဦးတို့ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ရောဂါသက်သာပျောက်ကင်းသည် အထိ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။