ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းစားမှုတွင် ရာဖင်ဟာ ဦးဆောင်နေပြီး ထိပ်ဆုံးငါးဦးစာရင်းတွင် ဘာစီလိုနာအသင်းမှ သုံးဦးပါဝင်နေ

 

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းစားမှုတွင် ရာဖင်ဟာ ဦးဆောင်နေပြီး ထိပ်ဆုံးငါးဦးစာရင်းတွင် ဘာစီလိုနာအသင်းမှ သုံးဦးပါဝင်နေ

မက်ဒရစ်   ဧပြီ   ၂၀

၂၀၂၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (ဘလွန်းဒီအော့ဖ်ဆု)အတွက် ရေပန်းစားမှုတွင် ရာဖင် ဟာ ထိပ်ဆုံးမှဦးဆောင်နေပြီး ထိပ်ဆုံးငါးဦးစာရင်း တွင်  ဘာစီလိုနာအသင်းမှ ကစားသမားသုံးဦး ပါဝင်နေကြောင်း သိရသည်။

၂၀၂၅  ခုနှစ် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက်  အစောပိုင်းက ရေပန်းစားမှုတွင် လီဗာပူးအသင်း     တိုက်စစ်ကစားသမား    ဆာလက်ချ်က ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သော်လည်း လီဗာပူးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှ       ထွက်ခွာခဲ့ရပြီးနောက်  ဆာလက်ချ်အနေဖြင့် ရေပန်းစားမှု လျော့ကျလာကာ  လက်ရှိရေပန်းစားမှုတွင်    အဆင့်(၄)   နေရာအထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး    ကစားသမားဆုအတွက် ရေပန်းစားမှုတွင် ထိပ်ဆုံးငါးဦးစာရင်း၌ ဘာစီလိုနာအသင်း တောင်ပံတိုက်စစ်ကစားသမား ရာဖင်ဟာက ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

ရာဖင်ဟာသည် ယခုဘောလုံးရာသီတွင် ဘာစီလိုနာအသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင် နေပြီး   ဘာစီလိုနာအသင်း ဆုဖလားလေးလုံး  လမ်းကြောင်းပေါ်ရပ်တည်လျက်ရှိရာတွင်   ရာဖင်ဟာသည် အဓိက ကစားသမားအဖြစ် ပါဝင်နေသူဖြစ်သည်။

ရာဖင်ဟာသည် ယခုဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲ၌  ၁၂ ဂိုး သွင်းယူထားပြီး      သွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် ဒေါ့မွန်အသင်းမှ ဂူရယ်ဆီထက် တစ်ဂိုးလျော့နည်းပြီး   ဒုတိယနေရာ၌  ရပ်တည်နေသော်လည်း ဂူရယ်ဆီကိုကျော်ဖြတ်နိုင်ရန်  အခွင့်အရေးရှိနေသကဲ့သို့ ဂိုးဖန်တီးမှုစာရင်းတွင်လည်း ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

အလားတူ စပိန်လာလီဂါပြိုင်ပွဲတွင်လည်း ရာဖင် ဟာသည် ၁၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုကိုးကြိမ်ပြု လုပ်ထားကာ ပြိုင်ပွဲစုံ  ၄၈ ပွဲတွင် ၂၈ ဂိုးသွင်းယူထား ပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး   ကစားသမားဆုအတွက် ရေပန်းစားမှုတွင် ထိပ်ဆုံးငါးဦးနေရာ၌  ရာဖင်ဟာ၏ နောက်တွင်  ဘာစီလိုနာအသင်းမှ ပက်ဒရီ၊ ယာမယ်၊ လီဗာပူးအသင်းမှ    ဆာလက်ချ်နှင့်     ပီအက်စ်ဂျီ အသင်းမှ   ဒမ်ဘီလီတို့က    အစဉ်လိုက်ရပ်တည်နေကြောင်း သိရသည်။                  

 Ref;One Football