မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက်၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပ စစ်ဆေးမည့်အစီအစဉ် ကြေညာခြင်း

 

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက်၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပ စစ်ဆေးမည့်အစီအစဉ် ကြေညာခြင်း

 

၁။      ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်နေပြည်တော်ကောင်စီနယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် ၂၈-၃-၂၀၂၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင် လှုပ်ခတ်မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းကို ၂၉-၃-၂၀၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။  အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ၁၆-၆-၂၀၂၅  ရက်နေ့မှ ၂၁-၆-၂၀၂၅ ရက်နေ့အထိ အောက်ပါအချိန်စာရင်းအတိုင်း ပြန်လည်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ပါသည်-

Description: C:\Users\TinTunAung\Desktop\22-4-2025\22412.JPG

၂။       ယခင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင်  ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ  ပြန်လည်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများ စာရင်းကို  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည်ဖြစ်ပါသည်။

၃။      စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂)ရွှေဘို၊ အထက(၁)ရေဦး၊ အထက(ဗန်းမောက်)၊ အထက (ဝန်းသို)၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်)နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများသည် ပြန်လည်ဖြေဆိုရန် မလိုပါ။

၄။      ၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော စာစစ်ဌာနများအနက် အောက်ဖော်ပြပါဇယားရှိ စာစစ်ဌာနများသည် ယှဉ်တွဲဖော်ပြထားသော ပြောင်းလဲဖြေဆိုရမည့် စာစစ်ဌာနများတွင် ဖြေဆိုရမည်ဖြစ်ပြီး ဤဇယားတွင် မပါဝင်သော ကျန်စာစစ်ဌာနများမှာ မူလစာစစ်ဌာနများ၌သာ ဖြေဆိုရပါမည် -

Description: C:\Users\TinTunAung\Desktop\22-4-2025\22413.JPG

Description: C:\Users\TinTunAung\Desktop\22-4-2025\22414.JPG

Description: C:\Users\TinTunAung\Desktop\22-4-2025\22415.JPG

Description: C:\Users\TinTunAung\Desktop\22-4-2025\22416.JPG

၅။      ယခုပြန်လည်ကျင်းပမည့်   တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင်  သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲ   ကြီးကြပ်ရေးမှူးများထံမှ ၁-၆-၂၀၂၅ ရက်နေ့မှ ၁၅-၆-၂၀၂၅ ရက်နေ့အတွင်း တိုက်ရိုက် ထုတ်ယူရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန