ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို

နေပြည်တော်  ဧပြီ  ၂၁

ရှမ်းပြည်နယ်အတွင်းရှိ  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)သို့ တက်ရောက်ကြ မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာတြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ၊အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား စားသောက် ဖွယ်ရာများပေးအပ်ပြီး သောင်းသောင်းဖြဖြ  ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ သင်တန်းသို့ တက်ရောက်မည့် နိုင်ငံ့သား ကောင်းရတနာများအား  လိုအပ်သည့်စုဖွဲ့ ပြင်ဆင်မှုများနှင့်  အုပ်ချုပ်မှုကိစ္စရပ်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။