သာစည်မြို့နယ် ဘုန်းတလုတ် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားမှု ကွင်းဆင်းစစ်ဆေး

 

သာစည်မြို့နယ် ဘုန်းတလုတ် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားမှု ကွင်းဆင်းစစ်ဆေး

 

သာစည်  ဧပြီ   ၂၁

      မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ  ကျေးလက်နေ ပြည်သူများ  အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန်      ရည်ရွယ်၍ သာစည်မြို့နယ် မန်ကျည်းခွကျေးရွာအုပ်စု ဘုန်းတလုတ်ကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း ခွင့်ပြုငွေဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်ထားသော ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို  ဧပြီလ ၂၀  ရက် က   တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန   ဦးစီးမှူး ဒေါ်မြသက်ဝင်း၊ ဦးစီးအရာရှိ ဒေါ်တိုးတိုးစိန်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည် ဘုန်းတလုတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းခွင့်ပြုငွေ  ငွေကျပ်  ၄၉  ဒသမ  ၉ သန်းဖြင့်  စိုက်ပျိုးရေးလုပ်ငန်း၊   မွေးမြူ ရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်  လအလိုက် ဖြည့်သွင်းရမည့်စာရင်းပုံစံများ   ပြည့်စုံမှု ရှိ၊ မရှိစစ်ဆေးပြီး သာစည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မြသက်ဝင်းက လိုအပ်သည် များ      ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

ဘုန်းတလုတ်ကျေးရွာ၌   စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ    ၆၉   ဦးအတွက် ငွေကျပ်  ၂၁ ဒသမ  ၀၅ သန်း၊  မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ    ၂၃    ဦးအတွက် ငွေကျပ် ၆ ဒသမ ၇၅ သန်းနှင့် အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူ ၇၃ ဦးအတွက် ငွေကျပ် ၂၂ ဒသမ ၁ သန်း စုစုပေါင်းအသင်းသား၊ အသင်းသူ ၁၆၅ ဦးအတွက် ငွေကျပ် ၄၉  ဒသမ  ၉    သန်း  ထုတ်ချေးပေးထားကြောင်း သိရသည်။