ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပြည်တွင်းပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း
၁။ ၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူများ အနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများ ပါဝင်လှူဒါန်းနိုင်ပါသည်။
၂။ အလှူငွေများကို မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် လှူဒါန်းလိုပါက KBZ Pay, CB pay, AYA Pay, OK$, Wave Money တို့၏ QR များကို Scan ဖတ်၍လည်းကောင်း၊ KBZ Pay QR code နံပါတ် 70157401001 သို့လည်းကောင်း၊ Wave Money ဖြင့် လှူဒါန်းလိုပါက ဖုန်းနံပါတ်(၀၉-၂၅၅၀၀၁၅၄၂ နှင့် ၀၉-၂၅၅၀၀၁၅၄၃)တို့သို့ တိုက်ရိုက်ပေးသွင်း၍ လည်းကောင်း လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ဗဟိုဘဏ်မှ ခွင့်ပြုထားသော မိမိနှစ်သက်ရာ မည်သည့် Digital Wallet သို့မဟုတ် ဘဏ် Mobile Application မှမဆို KBZ Pay MMQR နှင့် CB Pay MMQR၊ OK$ MMQR များကို Scan ဖတ်၍ လှူဒါန်းနိုင်ပါသည်။
၃။ ဘဏ်များမှ လှူဒါန်းလိုပါက မြန်မာကျပ်ငွေကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ငွေစာရင်းအမှတ် OA-011834 ကိုဖွင့်လှစ်ထားပြီး အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်-
(က) မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် တိုက်ရိုက်ဖြစ်စေ၊ အခြားမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှ တစ်ဆင့်ဖြစ်စေ ငွေသားဖြင့် ပေးသွင်းလှူဒါန်းနိုင်ပါသည်၊
(ခ) ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းများမှစာရင်းပြောင်း (Account transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။
၄။ ၎င်းအပြင် နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများသည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018)သို့လည်း အောက်ပါ နည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်-
(က) မြန်မာ့စီးပွားရေးဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ ငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်းလှူဒါန်းနိုင်ပါသည်၊
( ခ ) မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံခြားငွေစာရင်း ရှိသူများမှ စာရင်းပြောင်း (Account Transfer)နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်၊
( ဂ ) ပြည်တွင်း/ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများ အနေဖြင့် -
- SWIFT CODE - MYEBMMMY
- Beneficiary Name - Natural Disaster Management Fund
- Beneficiary A/C No - EDN-600018 သို့ လှူဒါန်းနိုင်ပါသည်။
၅။ အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းလိုသူများ အနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ပါသည် -
၆။ အလှူပစ္စည်းများကို အောက်ပါအတိုင်း ဆက်သွယ်ပေးပို့လှူဒါန်းနိုင်ပါသည် -
(က) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
( ခ) ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နေပြည်တော်။
( ဂ) ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၃) ရပ်ကွက်၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ ရန်ကုန်မြို့။
(ဃ) ဗဟိုသိုလှောင်ရုံ(မန္တလေးမြို့)၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၆၅)လမ်း၊ ၃၄x ၃၅ ကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ