လာမည့်စပါးအသင်းနှင့်ပွဲစဉ်တွင် အနိုင်ရရှိပါက လီဗာပူးအသင်း ယခုဘောလုံးရာသီ မကုန်မီ ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်မည်

 

လာမည့်စပါးအသင်းနှင့်ပွဲစဉ်တွင် အနိုင်ရရှိပါက လီဗာပူးအသင်း ယခုဘောလုံးရာသီ မကုန်မီ ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်မည်

 

လန်ဒန်    ဧပြီ    ၂၁

      လီဗာပူးအသင်းသည်    လာမည့်  ပရီးမီးယားလိဂ် ပြိုင်ပွဲ ပွဲစဉ်(၃၄)အဖြစ်ကစားမည့် စပါးအသင်းနှင့် ပွဲစဉ်၌   အနိုင်ရရှိမည်ဆိုပါက   ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲပြီးဆုံးရန် လေးပွဲအလိုတွင်ပင်   ချန်ပီယံဆု ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၃)အပြီးတွင် လီဗာ ပူးအသင်းသည် ရမှတ် ၇၉ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နေပြီး အဆင့်(၂)  နေရာမှ အာဆင်နယ် အသင်းကို ရမှတ် ၁၃ မှတ် ဖြတ်တောက်ထားနိုင်ခဲ့သည်။   ထို့ကြောင့်   လီဗာပူးအသင်းသည် လာမည့်စပါးအသင်းနှင့် ပွဲစဉ်တွင်အနိုင်ရရှိပါက ရမှတ် ၈၂ မှတ်ရရှိမည်ဖြစ်ပြီး အာဆင်နယ် အသင်းကလည်း အနိုင်ရရှိပါက ရမှတ် ၆၉ မှတ်ရရှိမည်ဖြစ်ကာ လီဗာပူး အသင်းက  ရမှတ် ၁၃ မှတ် ဆက်လက်ဖြတ်တောက်နိုင်ပါက  လက်ကျန်ပွဲစဉ်များတွင်  အာဆင်နယ်အသင်း အနေဖြင့်  ရမှတ်  ၁၂   မှတ်ရရှိပြီး  လီဗာပူးအသင်း အနေဖြင့်   လက်ကျန်လေးပွဲစလုံး  ရှုံးနိမ့်မည်ဆိုပါကလည်း  ရမှတ်တစ်မှတ်  ဖြတ်တောက်နိုင်မည်ဖြစ်သည့်အတွက်  လီဗာပူးအသင်းက   ပြိုင်ပွဲပြီးဆုံးရန်    လေးပွဲအလိုတွင်ပင်     ချန်ပီယံဆု ဆွတ်ခူးနိုင်မည်ဖြစ် သည်။

လီဗာပူးအသင်းသည် ယခုဘောလုံးရာသီ ချန်ပီယံဆုအတွက် အဆုံးအဖြတ် ပွဲစဉ်အဖြစ် ဧပြီလ ၂၇ ရက်တွင်   စပါးအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည် ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် အနိုင်ရရှိမည်ဆိုပါက ချန်ပီယံဆု ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သိရသည်။