ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်

(မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်)

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်

၁။      မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားနေရသောတစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန်  ရည်ရွယ်လျက်လည်းကောင်း တည်ငြိမ်အေးချမ်းမှုကိုရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂။      လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့်  ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိသကဲ့သို့နိုင်ငံတကာမှလည်း ကယ်ဆယ်ရေးအဖွဲ့များ၊  ဆေးအဖွဲ့များစေလွှတ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ ထောက်ပံ့ရေးပစ္စည်းများပေးပို့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ 

၃။     ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင်   ထိခိုက်ပျက်စီးခဲ့ရသည့်အစိုးရရုံးဌာနများ၊ပြည်သူများ၏ အိုးအိမ်နှင့်လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်းနှင့်စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်  ကုန်ထုတ်လုပ်ငန်းများအားပေးမြှင့်တင်ခြင်းတို့ကို အားစိုက်ခွန်စိုက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး  ပြည်ထောင်စုဖွားတိုင်းရင်းသားမိဘပြည်သူများအားလုံး၏စုပေါင်းအားဖြင့် ဆောင်ရွက်မည်ဆိုပါက ပုံမှန်အခြေအနေသို့အမြန်ဆုံးရောက်ရှိနိုင်မည်ဖြစ်ပါသည်။

၄။      သို့ဖြစ်ပါ၍  နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌   ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို    အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊    နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကို    ဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကိုရှေးရှုလျက် တပ်မတော်အနေဖြင့်၂၀၂၅ ခုနှစ်၊  ဧပြီလ ၂၃ ရက်မှ ၃၀ ရက်အထိကာလကို  ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်      ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်သည်။

၅။      ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်     အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့်ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့်  ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်ပျက်စီးစေခြင်း၊   လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏  တပ်စခန်းများအားတိုက်ခိုက်ခြင်း၊  တပ်ဌာနချုပ်များကိုနှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက  တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့်လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။     

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး