ဥရောပသွင်းဂိုး အများဆုံး ကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုအတွက် လီဗာပူးအသင်း တိုက်စစ်ကစားသမား ဆာလက်ချ် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိ

 

ဥရောပသွင်းဂိုး အများဆုံး ကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုအတွက် လီဗာပူးအသင်း တိုက်စစ်ကစားသမား ဆာလက်ချ် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိ

 

လန်ဒန်  ဧပြီ  ၂၂

    ယခုဘောလုံးရာသီ ဥရောပသွင်းဂိုးအများဆုံး ကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုအတွက် လီဗာပူး အသင်း တိုက်စစ်ကစားသမား ဆာလက်ချ် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိကြောင်း သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်က ဥရောပရွှေဖိနပ်ဆု ကို သွင်းဂိုးများအပေါ်တွင် ရမှတ်များတွက်ချက်ကာ သတ်မှတ်ပေးအပ်ခြင်းဖြစ်ပြီး  ဥရောပထိပ်တန်း လိဂ်ငါးခုဖြစ်သည့်  ပရီးမီးယားလိဂ်ပြိုင်ပွဲ၊    စပိန် လာလီဂါပြိုင်ပွဲ၊    အီတလီစီးရီးအေပြိုင်ပွဲ၊ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲနှင့် ပြင်သစ်လီဂူးပြိုင်ပွဲတို့တွင် ကစားနေသည့်ကစားသမားများအတွက်  သွင်းဂိုးတစ်ဂိုးလျှင် ရမှတ်နှစ်မှတ် သတ်မှတ်ပေးထားပြီး ကျန်ဥရောပလိဂ်များတွင် ကစားနေသည့်   ကစားသမားများအတွက် သွင်းဂိုးတစ်ဂိုးလျှင် ရမှတ်တစ်မှတ်ခွဲ သတ်မှတ်ထားသည့်အတွက်   သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့်  စပို့တင်းလစ္စဘွန်းအသင်းမှ ဂရိုကီယက်စ်က အဆင့်(၂)နေရာ၌ ရပ်တည်လျက်ရှိသော်လည်း  ဆာလက်ချ်ကို  သုံးမှတ်အကွာဖြင့် ဖိအားပေးလျက်ရှိသည်။

လီဗာပူးအသင်းတိုက်စစ် ကစားသမား ဆာလက်ချ် သည် ယခုဘောလုံးရာသီတွင် လီဗာပူးအသင်းနှင့် အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၂၇ ဂိုးသွင်းယူ ထားသည့်အတွက် ရမှတ် ၅၄ မှတ်ဖြင့် ဦးဆောင်နေ ပြီး စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်ကစားသမား ဂရိုကီယက်စ်အနေဖြင့်  သွင်းဂိုး  ၃၄  ဂိုးသွင်းယူထားသော်လည်း တစ်ဂိုးလျှင် ရမှတ်တစ်မှတ်ခွဲသာ  သတ်မှတ်ထားသည့်အတွက်    ရမှတ် ၅၁ မှတ်ဖြင့် ဒုတိယနေရာ၌သာ ရပ်တည်လျက်ရှိသည်။

ရွှေဖိနပ်ဆုအတွက် အဆင့်ရပ်တည်မှုတွင် ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား လီဝန်ဒေါစကီးက သွင်းဂိုး ၂၅ ဂိုး ရမှတ် ၅၀ ဖြင့် အဆင့်(၃)၊ ဘိုင်ယန်မြူးနစ်အသင်းမှ    ဟယ်ရီကိန်းက  သွင်းဂိုး  ၂၄ ဂိုး ရမှတ်  ၄၈  မှတ်ဖြင့် အဆင့်(၄)၊ အတ္တလန္တာအသင်း မှ ရီတီဂူအီက သွင်းဂိုး ၂၃ ဂိုး ရမှတ် ၄၆ မှတ်ဖြင့် အဆင့်(၅)၊ ရီးယဲလ်မက်ဒရစ်အသင်းမှ အမ်ဘတ်ပီက သွင်းဂိုး ၂၂ ဂိုး ရမှတ် ၄၄ မှတ်ဖြင့် အဆင့်(၆)၊ ပီအက်စ်ဂျီအသင်းမှ ဒမ်ဘီလီ၊ မန်စီးတီးအသင်းမှ ဟာလန်း၊ အိုမာမာမွတ်နှင့် နယူးကာဆယ်အသင်းမှ အီဆက်တို့က သွင်းဂိုး ၂၁ ဂိုး ရမှတ် ၄၂ မှတ်စီဖြင့် အဆင့်(၇)နေရာမှ အဆင့်(၁၀) နေရာအထိ အသီးသီး ရပ်တည်နေကြောင်း သိရသည်။