သာစည်မြို့နှင့် မူဆယ်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

သာစည်မြို့နှင့် မူဆယ်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်    ဧပြီ    ၂၅

သာစည်မြို့နှင့်   မူဆယ်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၃ ရက် ည ၁၀ နာရီတွင်  သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် မမြင့်မြင့်ခိုင်(ခ)မခိုင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ (ဒေသတန်ဖိုးငွေကျပ် သိန်း  ၃၀၀)ကိုလည်းကောင်း၊ အလားတူ ဧပြီလ ၂၄ ရက် ညနေ ၄ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့  ကောင်းမူးတုံရပ်ကွက်တွင် ကျော်ဆန်းလင်း(ခ)အငဲ မောင်းနှင်ပြီး ဇော်ထက်(ခ)ငပိန်  လိုက်ပါလာသည့် ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀ (ဒေသတန်ဖိုးငွေကျပ် ၂၂ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။