စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ်လေးခုဆွတ်ခူးရရှိ

 

စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ်လေးခုဆွတ်ခူးရရှိ

ရန်ကုန်  ဧပြီ   ၂၅

(၈၅)ကြိမ်မြောက်  စင်ကာပူဖိတ်ခေါ်(Singapore SportsHub) ပြိုင်ပွဲကို ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင်ကျင်းပလျက်ရှိရာ ယင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာပြေးခုန်ပစ်   အားကစားအဖွဲ့မှ ရွှေလေးခုဆွတ်ခူးရရှိကြောင်း     သိရသည်။

အဆိုပါပြိုင်ပွဲ၏ အမျိုးသမီးကြိုးတပ်သံလုံးပစ်တွင် သွယ်သွယ်မိုးက ရွှေတံဆိပ်ကို ၄၇ ဒသမ ၃၈ မီတာဖြင့်လည်းကောင်း၊    အမျိုးသမီး မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင်   ဝင်းဝင်းခိုင်က ရွှေတံဆိပ်ကို ၅၉:၁၅ ဒသမ ၆၀ ဖြင့်လည်းကောင်း၊ အမျိုးသား မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် သန့်စင်အောင်က ရွှေတံဆိပ်ကို ၅၀:၃၆ ဒသမ ၁၁ ဖြင့်  လည်း‌ကောင်း၊ အမျိုးသားမီတာ ၈၀၀ ပြိုင်ပွဲတွင် ဟိန်းထက်အောင်က ရွှေတံဆိပ်ကို ၁:၅၀ ဒသမ ၅၉ ဖြင့်လည်းကောင်း  အသီးသီး ဆွတ်ခူးရရှိကြ‌ကြောင်း သိရသည်။            

 ဝန်းရံခ