မကြာခင်မှာ ရုရှားလေတပ်ကပိုင်ဆိုင်ရတော့မယ့် S-70 Okhotnik

ဆူခွိုင်းဒီဇိုင်းဗျူရိုက ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ မောင်းသူမဲ့တိုက်လေယာဉ်တစ်စင်းကတော့ မကြာခင်မှာ ရုရှားလေတပ်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီမောင်းသူမဲ့လေယာဉ်ရဲ့အမည်ကတော့ S-70 Okhotnik ပဲဖြစ်ပါတယ်။ သူ့ရဲ့အဓိပ္ပာယ်ကတော့  မုဆိုးလို့ အမည်ရပါတယ်။

မုဆိုးဆိုတဲ့ မောင်းသူမဲ့တိုက်လေယာဉ်ဟာ နဂိုက ၂၀၂၅ ခုနှစ်ကျမှသာ လေတပ်မှာ တပ်တော်ဝင်ဖို့ ရည်ရွယ်ထားတာပါ။ အခုတော့ ရည်ရွယ်ထားတာထက်တစ်နှစ်စောပြီး လေတပ်မှာ တပ်တော်ဝင်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီလိုသာတပ်တော်ဝင်နိုင်ပြီဆိုရင် ဘယ်နိုင်ငံကမှ မဖော်ဆောင်နိုင်သေးတဲ့ လေတပ်စွမ်းဆောင်ရည်ကို    ရုရှားလေတပ်က ပိုင်ဆိုင်လာမှာပါ။

အဲဒီစွမ်းဆောင်ရည် ဆိုတာကတော့ အကြီးစားသမားရိုးကျ စစ်ပွဲတွေအတွက် ရည်ရွယ်ထားတဲ့   စွမ်းဆောင်ရည်မြင့် မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်တွေပဲ ဖြစ်ပါတယ်။

ဒီတိုက်လေယာဉ်တွေကို  ရုရှားမီဒီယာတွေက ၂၀၁၉ ခုနှစ်မှာ စတင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။   အဲဒီအချိန်တုန်းကတော့ ချာကလော့လေယာဉ်ထုတ်လုပ်ရေးစခန်းမှာ စမ်းသပ်မှုတွေလုပ်နေတဲ့ပုံပါ။

တန်ချိန်အားဖြင့် ၂၀ ဝန်းကျင်ရှိတာကြောင့် အမေရိကန်နိုင်ငံထုတ် အင်ဂျင်နှစ်လုံးတပ် ၤ-၁၅ နေါူန တိုက်လေယာဉ် တစ်စင်းလောက်ကို ကြီးမားပါတယ်။

သယ်ဆောင်နိုင်တဲ့ လက်နက်ခဲယမ်း အလေးချိန်ကတော့ ပေါင် ၁၃၂၀၀ ပါ။ အဲဒီလက်နက်ခဲယမ်းတွေထဲမှာ ဝေဟင်မှ ဝေဟင်ပစ်၊ ဝေဟင်မှမြေပြင်ပစ်ဒုံးကျည်တွေလည်း ပါဝင်ပါတယ်။ တပ်ဆင်ထားတဲ့ နေရာကတော့ လေယာဉ်ဝမ်းဗိုက် အတွင်းပိုင်းမှာပါ။

ပျံသန်းနိုင်တဲ့ အကွာအဝေးကတော့ ရေမိုင် ၃၂၄၀ ဖြစ်ပြီး အမြန်ဆုံးပျံသန်းနိုင်တဲ့နှုန်းက ၁ နာရီကို မိုင် ၆၂၀ နှုန်းဖြစ်ပါ

တယ်။

S-70 Okhotnik ကို စတင်ဒီဇိုင်းဆွဲတုန်းက တိုက်လေယာဉ်မှူးတွေပါဝင်တဲ့ တိုက်လေယာဉ်တွေကို  အထောက်အပံ့ ပေးနိုင်တဲ့ မောင်းသူမဲ့လေယာဉ်တွေအဖြစ် ဒီဇိုင်းဆွဲခဲ့တာပါ။

အခုပြောင်းလဲလိုက်တဲ့ ဒီဇိုင်းမှာတော့ ရန်သူရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ စခန်းဌာနချုပ်များနဲ့ တခြားပစ်မှတ်တွေ အပါအဝင် အရေးကြီးပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။

ဒီလို   စွမ်းဆောင်ရည်မျိုးကိုတော့ အမေရိကန်ရဲ့ လက်ရှိတည်ဆောက်ဆဲ Loyal Wingman မောင်းသူမဲ့ လေယာဉ်တွေမှာ တွေ့ရပါတယ်။ ဒါကြောင့် ရုရှားဟာ မောင်းသူမဲ့နည်းပညာမှာ အမေရိကန်ရဲ့ ခြေရာကို လိုက်နင်းနေတယ်လို့ သုံးသပ်သူတွေက ဆိုထားတာပါ။

အမေရိကန်ကတော့ ဒီလိုမောင်းသူမဲ့နည်းပညာတွေကို ၉/၁၁ တိုက်ခိုက်မှုပြီးကတည်းက  ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမေရိကန်လေတပ်က Loyal Wingman ကိုဖန်တီးနေသလို အမေရိကန်ရေတပ်ကလည်း လေယာဉ်တင် သင်္ဘောအခြေပြု MQ-25A Stingray အမျိုးအစား မောင်းသူမဲ့ဆီဖြည့်လေယာဉ်တွေကို   ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။