ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း      

ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း      

နေပြည်တော်  မေ  ၁၁

ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်သည်  ၂၀၂၅  ခုနှစ်၊ မေလ   ၇   ရက်တွင် တာဝန်ကျ နေရာမှ အကြောင်းမဲ့ပျက်ကွက်လျက်ရှိကြောင်း သိရှိရသဖြင့် စုံစမ်းစိစစ်မှုများဆောင်ရွက်ခဲ့ပါသည်။ စိစစ်ချက်များအရ ဒေါ်ဝင်း ဝင်းအောင်သည်  ငလျင်ဘေးဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးမှ တက္ကသိုလ် ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား အနီးကပ်သင်ကြားပို့ချပေးနိုင်ရေးအတွက် မေလ ၁ ရက်တွင် ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အခြားနည်းပြများနှင့်အတူ မိတ္ထီလာတက္ကသိုလ်သို့ ရောက်ရှိလာခဲ့ပြီး မေလ ၂ ရက်မှစတင်၍ အထက(၂)၊ ပျော်ဘွယ်၌ သင်ကြားပို့ချမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

မေလ ၇ ရက် ၀၅၄၅ နာရီခန့်တွင် ဒေါ်ဝင်းဝင်းအောင်သည် မိတ္ထီလာ တက္ကသိုလ်မှပျော်ဘွယ်မြို့သို့မထွက်ခွာမီ ၎င်း၏မိတ်ဆွေ များနှင့်တွေ့ဆုံရန် ဟူသော အကြောင်းပြချက်ဖြင့်    အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်မူမူအေးထံ  ဖုန်းဖြင့်ခွင့်တိုင်ကြားခဲ့သော်လည်း ပုံမှန်သင်တန်းဆင်းချိန်အထိ တာဝန်ကျ နေရာသို့ ရောက်ရှိလာခြင်းမရှိဘဲ အကြောင်းမဲ့ပျက်ကွက်ခဲ့ကြောင်း၊ ထို့နောက် တာဝန်ရှိသူများမှ ဒေါ်ဝင်းဝင်းအောင်ထံဆက်သွယ်သော် လည်း တစ်စုံ တစ်ရာဆက်သွယ်မှုမရရှိခဲ့ဘဲ ၂၁၃၀ နာရီခန့်တွင် ဒေါ်ဝင်းဝင်းအောင်၏ သားဖြစ်သူ မောင်ရဲလင်းမြတ်ဟိန်း၏    gmail   သို့ အကြမ်းဖက်အဖွဲ့ အစည်းများ  အသုံးပြုသည့် hanhninsu41@gmail.com မှ “Your Mon Condition is ok. After Little Checking, and will free” ဟုပေးပို့လာခဲ့ ကြောင်း စိစစ်တွေ့ရှိရပါသည်။

ထို့ကြောင့် ဒေါ်ဝင်းဝင်းအောင် ပျောက် ဆုံးမှုနှင့်ပတ်သက်၍ လိုအပ် သောစုံ စမ်းစိစစ်မှုများဆောင်ရွက်ခဲ့ရာ    မိတ္ထီလာတက္ကသိုလ်ရှိ  စီစီတီဗွီ မှတ်တမ်း များအရ ဒေါ်ဝင်းဝင်းအောင်သည် ၀၅၄၇ နာရီခန့်တွင် ၎င်းနေထိုင်သည့်   မိတ္ထီလာတက္ကသိုလ်၊ ကံ့ကော်ဆောင်မှ ၎င်းပိုင်အသုံးအဆောင်ပစ္စည်းများ ပါရှိသည့် အိတ်အသေး ၁ လုံးနှင့်အတူ တက္ကသိုလ်၊ အမှတ်(၁)ဂိတ်မှထွက်ခွာ သွားခဲ့ကြောင်း၊   ထို့နောက်   မိတ္ထီလာတက္ကသိုလ်အနီးရှိ အရုဏ်ဦးလက်ဖက် ရည်ဆိုင်၌ တစ်ဦးတည်းနံနက်စာစားသုံးခဲ့ပြီး ၀၇၀၀ နာရီခန့်တွင် လက်ဖက်ရည်ဆိုင်ရှေ့သို့ရောက်ရှိလာသော   ယာဉ်အမှတ်(စိစစ်ဆဲ) Toyota Passo(ခဲရောင်) မော်တော်ယာဉ်ပေါ်သို့ ၎င်း၏သဘောဆန္ဒဖြင့် လိုက်ပါ သွားခဲ့ကြောင်း  စိစစ်တွေ့ရှိရပါသည်။

ဒေါ်ဝင်းဝင်းအောင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌မွေးဖွားခဲ့သည့်  ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး သူငယ်တန်းမှဘွဲ့ရရှိသည်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပညာသင်ကြားခဲ့ကြောင်း၊ ထို့ပြင် တက္ကသိုလ်များ၌ နည်းပြ ဆရာမအဖြစ် တာဝန်မထမ်းဆောင်မီကာလများတွင်လည်း စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊အခြေခံပညာမူလတန်းကျောင်းအချို့တွင် မူလ တန်းပြ၊  အလယ်တန်းပြရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း  စိစစ်တွေ့ရှိရပါသည်။

သတင်းစုံစမ်းဖော်ထုတ်ချက်များအရ ဒေါ်ဝင်းဝင်းအောင်သည် ၎င်းပျောက် ဆုံး ဖြစ်စဉ်ကာလမတိုင်မီ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ကြိုတင် ကြံစည်ဆက်သွယ်မှုများရယူခဲ့ပြီး မေလ ၇ ရက်တွင် ဆားလင်းကြီး PDF အကြမ်းဖက်အဖွဲ့မှ ဇေယျာမင်းဌေး၏ ချိတ်ဆက်ကူညီမှုဖြင့် မိတ္ထီလာမြို့မှ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာသို့သွားရောက်ခဲ့ပြီး ၎င်းမှတစ်ဆင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဇော်အေးထွန်းထံသို့ ဆက်လက်သွား ရောက်၍ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အခြေပြုရာ နယ်မြေ အတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများ၌  ပူးပေါင်းကူညီနိုင်ရေးအတွက် ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့်ငလျင်ဘေးဒဏ်ကြောင့် တက္ကသိုလ် ဝင်တန်း   ပြန်လည်ဖြေဆိုရန်  အင်တိုက် အားတိုက်ကြိုးပမ်းပြင် ဆင်နေကြ သည့် မိဘဆရာများ၊ ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေရန်အတွက်လည်းကောင်း၊သင်ကြားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့်    ဆရာ/ဆရာမများအား အကြောက် တရားဖြင့် ခြိမ်းခြောက်လွှမ်းမိုး နိုင်ရေးအတွက်လည်းကောင်း ရည်ရွယ်၍ ဒေါ်ဝင်းဝင်းအောင်နှင့် ချိတ်ဆက်ကာ သတင်းအမှားများ ထုတ်လွှင့်ဝါဒဖြန့်ချိခဲ့ ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ထို့ပြင် အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများမှလည်း   အစိုးရ၏ အုပ်ချုပ်မှုယန္တရားယိုယွင်းစေပြီး  တည်ငြိမ်အေးချမ်းမှုပျက်ပြား စေရန်နှင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်ပေါ်စေရန်အတွက် ဖြစ်စဉ်အမှန် ကိုဖုံးကွယ်၍ မဟုတ်မမှန်လုပ်ကြံသတင်းအမှားများအား လိမ်လည်ရေးသား ထုတ်လွှင့်ဖြန့်ချိလျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

အကြမ်းဖက်အဖွဲ့အစည်းများသည် တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားလို သည့် ကျောင်းသား/ ကျောင်းသူများအား အနှောင့်အယှက်ဖြစ်ပေါ်စေရန် အဖျက် အမှောင့်လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိ သကဲ့သို့ နိုင်ငံ့ဝန်ထမ်း ဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ/ဆရာမ များ ကိုလည်း  ၎င်းတို့၏အကြမ်း ဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေ ရေးနည်းလမ်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်း များ၏ စည်းရုံးသိမ်း သွင်းမှုမခံရစေရေး အထူးသတိပြုကြရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေသည့် နိုင်ငံ့ဝန် ထမ်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များရရှိပါက သက်ဆိုင် ရာသို့လျှို့ဝှက်စွာ  သတင်းပေးပို့စေလိုကြောင်း  သတင်းထုတ်ပြန်အပ် ပါသည်။