ကိုယ်ပိုင်လေယာဉ်တင်သင်္ဘောတွေနဲ့ ကာကွယ်ရေးကို အားဖြည့်တော့မယ့် တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံကတော့ သူတို့နိုင်ငံရဲ့ ပထမဆုံးသော လေယာဉ်တင်သင်္ဘောကို  စတင် တည်ဆောက် တော့မယ်ဆိုပြီး ကြေညာလိုက်ပါပြီ။  အခုတည်ဆောက်မယ့် လေယာဉ်တင်သင်္ဘောဖြစ်တဲ့ Jh LPX-II ဟာ တောင်ကိုရီးယားနိုင်ငံက ယခင်တည်ဆောက်ဖူးပြီးသား အကြီးဆုံးဆိုတဲ့ သင်္ဘောတွေထက် ၅၀  ရာခိုင်နှုန်း ပိုကြီးပါတယ်။

ဒီလေယာဉ်တင်သင်္ဘောဟာ  F-35B တိုက်လေယာဉ် ၁၀ ကျော် ၁၅ စင်းလောက်အထိ တင်ဆောင်နိုင်ပါလိမ့်မယ်။ တစ်နည်းပြောရရင် ပင်လယ်ပြင်ထဲက  ရွေ့လျားလေတပ်စခန်းတစ်ခုပါပဲ။

LPX-II လေယာဉ်တင်သင်္ဘောကို စတင်တည်ဆောက်ဖို့ ကြံစည်စဉ်က လက်ရှိ Dokdo  အတန်းအစား ကုန်းရေနှစ်သွယ်သွားရေယာဉ်အဖြစ် စိတ်ကူးခဲ့တာပါ။

Dokdo  အတန်းအစား ကုန်းရေနှစ်သွယ်သွားရေယာဉ်ဟာ  လေယာဉ်တင်သင်္ဘောနဲ့ အလားသဏ္ဌာန် တူပေမယ့် တကယ်တမ်းတော့ မရိန်းစစ်သည်တွေကို သယ်ဆောင်ပြီး   ကမ်းခြေကို ပို့ဖို့ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခု PX-II လေယာဉ်တင်သင်္ဘောကတော့ တကယ့်တိုက်လေယာဉ်တွေ တင်နိုင်တဲ့ တကယ့်လေယာဉ်တင်သင်္ဘော အစစ်ဖြစ်လာတော့မှာပါ။

PX-II လေယာဉ်တင်သင်္ဘောရဲ့ အလေးချိန်ဟာ သူ့ချည်းပဲသက်သက်ဆိုရင်တန်ချိန် ၃၀၀၀၀ ရှိပါမယ်။ အကယ်၍ လေယာဉ်တင်သင်္ဘောမှာ ဝန်အပြည့်သာ တင်လိုက်မယ်ဆိုရင် လက်ရှိတန်ချိန်ရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးလာမှာဖြစ်ပါတယ်။

ဒီလေယာဉ်တင်သင်္ဘောမှာ ကုန်းပတ်အပြည့်လေယာဉ်ပြေးလမ်းပါဝင်ပါမယ်။

လေယာဉ်ပျံသန်းမှုတွေကို ကွပ်ကဲဖို့အတွက် သီးခြားကွပ်ကဲစင်တစ်ခုပါပါမယ်။ လေယာဉ်ဂိုဒေါင်ကနေ လေယာဉ်တွေကို ပြေးလမ်းပေါ်တင်ဖို့အတွက် ပင့်စက်နှစ်လုံးလည်းပါမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံထုတ်  F-35B တိုက်လေယာဉ်တွေကို အများဆုံးဝယ်ယူထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံဟာ LPX-II လေယာဉ်တင်သင်္ဘောတွေ အပေါ်မှာ F-35B တိုက်လေယာဉ်တွေကိုသာ တင်ဆောင်သွားမှာပါ။

တောင်ကိုရီးယားစစ်ဘက်က  သမားရိုးကျ ပျံတက်နိုင်၊ ပြန်ဆင်းနိုင်တဲ့ F-35B တိုက်လေယာဉ် အမျိုးအစား အစင်း ၄၀ နဲ့

ဒေါင်လိုက်အဆင်းအတက်လုပ်နိုင်တဲ့ F-35B တိုက်လေယာဉ် အစင်း ၂၀ မှာယူထားပါတယ်။

နမူနာပြထားတဲ့ LPX-II လေယာဉ်တင်သင်္ဘောမှာတော့  F-35B တိုက်လေယာဉ်ကိုးစင်း   တင်ဆောင်ထားတာကို တွေ့ရပါတယ်။ တကယ်တမ်းတင်ဆောင်နိုင်တဲ့လေယာဉ်ပမာဏက အစင်း ၂၀ ပါ။

ဒါကြောင့် လက်ရှိမှာယူထားတဲ့  F-35B အစင်း ၂၀ အနက် အရန်လေယာဉ်တွေကို ဖယ်ထားလိုက်မယ်ဆိုရင် အနည်းဆုံး ၁၅ စင်းကိုတော့ တင်ဆောင်လာနိုင်မှာပါ။

ဒါ့အပြင် နမူနာပုံစံမှာဖော်ပြထားချက်အရ လေယာဉ်တင်သင်္ဘောမှာ Sikorsky MH-60R Seahawk ရဟတ်ယာဉ်တစ်စင်း

တင်ဆောင်ထားတာကိုလည်း   တွေ့ရပါတယ်။

ရေငုပ်သင်္ဘောတွေကို ရှာဖွေထောက်လှမ်းဖို့၊ ဟဲဖိုင်းယားတင့်ဖျက်ဒုံးကျည်တွေနဲ့   စစ်ရေယာဉ်ငယ်တွေကို ဖျက်ဆီးဖို့၊ ရေနစ်နေတဲ့ တပ်ဖွဲ့ဝင်တွေကိုကယ်ဆယ်ဖို့နဲ့ သင်္ဘောတစ်စင်းနဲ့တစ်စင်းကြား ထောက်ပံ့ပို့ဆောင်မှုတွေလုပ်ဖို့အတွက် အဲဒီရဟတ်ယာဉ်ကိုအသုံးပြုရတာပါ။ တောင်ကိုရီးယားစစ်ဘက်က အဲဒီရဟတ်ယာဉ်အမျိုးအစားကို ၁၂ စင်းမှာယူထားတာ တွေ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ပို့ကုန်တင်ပို့မှုကို အဓိက ဦးစားပေးတာကြောင့် ကမ္ဘာပေါ်မှာ စီးပွားရေးအင်အားကြီးနိုင်ငံတစ်

နိုင်ငံဖြစ်နေပါတယ်။ အဲဒါကြောင့် သူတို့အတွက်တော့ ပင်လယ်ရေလမ်းကြောင်းကို ကာကွယ်ရေးဟာ သိပ်ကိုအရေးပါနေ

ပါတယ်။

ဒီလိုအရေးပါလှတဲ့  ပင်လယ်ရေလမ်းကြောင်းကို ကာကွယ်ဖို့အတွက်  ရေတပ်စွမ်းပကားကိုလည်း စီးပွားရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ တိုးမြှင့်လာတာကို တွေ့ရမှာပါ။

တကယ့်လက်တွေ့မှာ လေယာဉ်တင်သင်္ဘောတစ်စင်းတည်းနဲ့ ပင်လယ်ပြင်ကို ထိန်းချုပ်ဖို့အတွက် မလုံလောက် တာကြောင့် နောက်ထပ်လေယာဉ်တင်သင်္ဘောတွေကို တည်ဆောက်မယ့် အလားအလာလည်း ရှိနေပါတယ်။