(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများ ရရှိရေး ပြင်ဆင်ဆောင်ရွက်နေမှုကိစ္စရပ်များဆွေးနွေး

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများ ရရှိရေး ပြင်ဆင်ဆောင်ရွက်နေမှုကိစ္စရပ်များဆွေးနွေး

ရန်ကုန်   မေ   ၁၆

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက  အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)  သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိအားကစားအဖွဲ့ချုပ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတိုင်း  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်  ဝန်ကြီးဌာနနှင့် ပူးပေါင်း၍တိုးတက်လာအောင် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက်အိမ်ရှင်နိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးရေး၊  နည်းစနစ်ပိုင်းနှင့် နည်းပြဆိုင်ရာများ၊ အားကစားသမားအင်အားစာရင်းနှင့် ရွေးချယ်ရေးကိစ္စရပ်များ၊ By Name, By Number ပေးပို့ရေး၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲဝင်သုံးအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းနိုင်ရေးနှင့် ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက်  မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ မိမိတို့အဖွဲ့ချုပ်အလိုက် အားကစားသမားများစိစစ်ရွေးချယ်ဆက်လက်စခန်းသွင်းနိုင်ရေး၊ အဖွဲ့ချုပ်သစ်ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်နိုင်ရေး၊ အထောက်အကူပြုပစ္စည်းများသယ်ယူနိုင်ရေး၊စခန်းသွင်းအားကစားသမားများအတွက် အင်အားဖြည့်စားသောက်ရေး၊ Joint Training ပူးတွဲသွား‌ရောက်လေ့ကျင့်နိုင်ရေးနှင့်နည်းပြခေါ်ယူရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဆွေးနွေးမှုများအပေါ်  အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။            

အစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဂျူဂျစ်ဆု၊ Teqball ၊ Squash ၊ ဟော်ကီ ၊ ဘိုးလင်း၊ Kick Boxing ၊နပန်း၊   ကျွမ်းဘား၊   Tug of War ၊   Skate Boarding၊  Kabaddi အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။