မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင်  မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တ မင်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင်  မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တ မင်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

နေပြည်တော်    မေ    ၁၆

လုံခြုံရေးတပ်ဖွဲ့ဝင်များ   ပါဝင်သော ပူးပေါင်းအဖွဲ့သည်  မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်း၊ ရှမ်းတဲကျေးရွာအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ်    မင်းလှဘက်မှ မင်းတုန်းဘက်သို့ ပြည့်ဖြိုးကျော် မောင်းနှင်ပြီး   မဇင်ဇင်ဝေ(ခ)ဇင်ဇင်မာ လိုက်ပါလာသည့် X-TRAIL မော်တော်ယာဉ်နှင့်ရန်နိုင်ထွဋ်မောင်းနှင်ပြီး တင်လတ် လိုက်ပါလာသည့် SURF မော်တော်ယာဉ်တို့ကိုရှာဖွေခဲ့ရာ  အဆိုပါယာဉ် ၂ စီးပေါ်မှ     စိတ်ကြွရူးသွပ်ဆေးပြား ၂၁   ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ဖော်ထုတ်ချက်အရ  ပျဉ်းမနားမြို့မှ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်သို့စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ  မနန်း(ခ)မျိုးသီရိကျော်နှင့်မျိုးဇော်အောင်တို့  ၂  ဦး၏မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌     အသုံးပြုခဲ့သည့် TOYOTA HILUX SURF မော်တော်ယာဉ် တစ်စီးအား ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်ရှိ   ၎င်းတို့၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း၊  မျိုးဇော်အောင်နှင့် မနန်း(ခ)မျိုးသီရိကျော်တို့သည် ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင်၏ နွားခြံစတိုအတွင်း   ကရင်ပြည်နယ်သို့ပို့ဆောင်မည့်    မူးယစ်ဆေးဝါးများ  သိုဝှက်ထားကြောင်းသိရှိရသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင်၏နွားမွေးမြူရေးခြံသို့   ဝင်ရောက်ရှာဖွေခဲ့ရာ အောင်နိုင်နှင့်ဇော်ဝင်းတို့  ၂  ဦးအားစိတ်ကြွရူးသွပ်ဆေးပြား ၇၆ ဒသမ ၁၇၈ သိန်း၊   အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့် Happy Water ၂ ဒသမ ၉၁၅ ကီလိုတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသတန်ဖိုးငွေ ၁၆ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၇ ဒသမ ၉ သိန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့် Happy Water ၂ ဒသမ ၉၁၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်ပေးသူ  ထွန်းလင်း(ခ) ရှမ်းကုလားအား  ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင်  မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ   ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ မျိုးဇော်အောင်နှင့်မနန်း(ခ) မျိုးသီရိကျော်တို့သည်ရှမ်းပြည်နယ်မှသယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ပျဉ်းမနားမြို့နယ်မှတစ်ဆင့်မင်းတုန်းမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ရာတွင် တင်လတ်(ခ) စောတင်လတ်မှတာဝန်ခံ၍   ပြည့်ဖြိုး(ခ)ရန်နိုင်ထွဋ်၊ မဇင်ဇင်ဝေ(ခ) ဇင်ဇင်မာတို့နှင့်အတူ  သယ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကရင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား ပျဉ်းမနားမြို့နယ်၊မြောက်လွတ်ကုန်းကျေးရွာရှိ  အောင်နိုင်၏နွားခြံတွင်သိုဝှက်ထားရှိကြောင်းသိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့်၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။