အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

 

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်   မေ  ၁၉

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အသင်းများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲကို  တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် မေလ ၃၀ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။