ကမာရွတ်မြို့နယ်၌ ခရိုင်နှင့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနား ကျင်းပ
ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ် မြို့နယ် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်နှင့်မြို့နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်အခမ်းအနားကို မေလ ၂၄ ရက်တွင် ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝေက အဖွင့်အမှာစကား ပြောကြားကာ ခရိုင်ပညာရေးမှူး ဒေါက်တာစုစုလှိုင်က ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပရခြင်း အကြောင်း ပြောကြားသည်။
ထို့နောက် လေ့ကျင့်ရေး အထက်တန်းကျောင်း(TTC)မှ ကျောင်းသား၊ ကျောင်းသူများက တို့ကျောင်း တော်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဗဟိုအဆင့်ရရှိသော လူရည်ချွန်မောင်မယ်များအား ခရိုင်ပညာရေးမှူး ဒေါက်တာစုစုလှိုင်က ဆုများချီးမြှင့်ပေးအပ်ပြီး အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝေနှင့် တာဝန်ရှိသူတို့က ပေးအပ်ကြောင်း သိရသည်။