လှိုင်းဘွဲ့မြို့နယ်အတွင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံ လက်ခံခြင်း ဆောင်ရွက်လျက်ရှိ

 

လှိုင်းဘွဲ့မြို့နယ်အတွင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံ လက်ခံခြင်း ဆောင်ရွက်လျက်ရှိ

 

လှိုင်းဘွဲ့   မေ   ၂၄

     ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့   ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊   ကျောင်းသူများအား ကျောင်းအပ်နှံလက်ခံခြင်းကို မေလ ၂၂ ရက်နံနက်ပိုင်းတွင်   စတင်လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများ ကြီးကြပ်၍ ဆရာ၊ ဆရာမများက  KG တန်းမှ GRADE–12 တန်းအထိ သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မေလ  ၂၂  ရက်မှ ဇွန်လ  ၁   ရက်အထိ ကျောင်းအပ်နှံရေး     ရက်သတ္တပတ်အဖြစ်   ကျောင်းအပ်လက်ခံ   ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်   နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းအပ်နှံရာတွင်   ကျောင်းသုံးပုံနှိပ်စာအုပ်များ၊   ဗလာစာအုပ်များ၊ ဘောပင်၊   ခဲတံတို့ကို အခမဲ့ ပေးလျက်ရှိကြောင်း၊ မူလတန်းအဆင့် ကျောင်းသား၊   ကျောင်းသူများအနေဖြင့် ကျောင်းသုံးစာရေးကိရိယာများအပြင် ကျောင်းဝတ်စုံတစ်စုံကိုလည်း     အခမဲ့ပေးအပ်ကြောင်း သိရသည်။