အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

 

၁။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲကို “အဂတိလိုက်စားမှုများ တိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။       ပြိုင်ပွဲအတွက် စည်းကမ်း သတ်မှတ်ချက်များမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်-

            (က)   ပြိုင်ပွဲဝင်များသည် ၁၀ နှစ်မှ ၁၅ နှစ်၊ ၁၆ နှစ်မှ၂၀ နှစ်၊ ၂၁ နှစ်မှ ၂၅ နှစ်ဟူ၍ အသက်အရွယ် အပိုင်းအခြား (၃) ခုခွဲခြား၍ (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်) လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

            ( ခ )   ပိုစတာနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါသတ်မှတ်ချက်များနှင့်အညီ Hard Copy၊ Soft Copy (၂)စုံ ပြုစု၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊  myatthujack@gmail.com သို့ e-mail ဖြင့်ဖြစ်စေပေးပို့နိုင်ပါသည်။  အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ Website: www.moculture.gov.mm နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဦးမြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အနုပညာဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝ၉-၅၁၆၁၁၂၇ နှင့် ဦးလင်းဝေအောင်၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၃၁၈၅၁၂၇ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

                        (၁)     Format          JPG A3 (297 x 420 mm) with the correct aspect ratio ၊

                        (၂)      Resolution    300 dpi ၊

                        (၃)     File Size         15 Mb ထက်မပိုစေရ။ ၁၀ file ထက်မပိုရပါ၊

                        (၄)     ပိုစတာရေးဆွဲရာတွင် tablet များ၊ stylus များ၊ ကွန်ပျူတာပရိုဂရမ်များ အသုံးပြု၍ ဂရပ်ဖစ်နည်းပညာဖြင့် ဖန်တီးရမည်။

            (ဂ)     ပန်းချီနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ပန်းချီ(မူရင်း) နှင့်အတူ Hard Copy (၂)စုံနှင့်  Soft Copy CD (၁)ချပ်ပြုစု၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website: www.moculture.gov.mm နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါက်တာလဲ့လဲ့အောင်၊ ညွှန်ကြားရေးမှူး၊ အနုပညာ ဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝ၉-၅၁၉၄၁၁၂ နှင့် ဒေါ်နန်းရတနာထွန်း၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၅၁၂၃၅၂၁၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

                     (၁)     File Submission Format    JPG ၊ A3 (297x420 mm) with correct aspect ratio၊

                     (၂)      Resolution    300 dpi ၊

                    (၃)     File Size         15 Mb ထက်မပိုစေရ၊ ၁၀ file ထက်မပိုရပါ။

                   (၄)     ပန်းချီရေးဆွဲရာတွင် Pencil ၊ Felt-tip Pen ၊ Crayons ၊ Paints ၊ Sketch Markers ၊ Sepia ၊ Sanguine ၊ Charcoal ၊ Ink ၊ Capillary Pen စသည့် ကိရိယာများအသုံးပြု၍ ရေးဆွဲနိုင်သည်။ အီလက်ထရောနစ်ပစ္စည်းများအသုံးပြု၍ ရေးဆွဲခြင်းမပြုရ။

            (ဃ)       ဗီဒီယိုနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါသတ်မှတ်ချက်များနှင့်အညီ  Soft Copy (CD) ၂ ချပ် ပြုစု၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၇၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ ms.khinmoeou@gmail.com သို့ e-mail ဖြင့်ဖြစ်စေပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို ပြန်ကြားရေးဝန်ကြီးဌာန၏ www.mrtv.gov.mm နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ Website:  www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါ်ခင်မိုးဥ၊ ညွှန်ကြားရေးမှူး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝ၉-၅၁၉၆၈၅၀ နှင့် ဒေါ်ဇာဇာမိုး၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဝ၉-၄၀ဝ၄၀၅၆၇၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

                        (၁)     Format          mp 4 ၊

                        (၂)      Resolution    3840 x 2160 p ထက်မပိုစေရ၊

                        (၃)     File Size         300 Mb ထက်မပိုစေရ၊

                        (၄)     Duration       120 Seconds ထက်မပိုစေရ၊

                        (၅)     Sound            16-bit, stereo ၊ ၁၀ ဖိုင်ထက်မပိုရပါ။

၃။      ပြိုင်ပွဲဝင်လက်ရာများတွင် ပြိုင်ပွဲဝင်လက်ရာ၏ခေါင်းစဉ်၊ ရှင်းလင်းချက်စာသား (ပိုစတာများနှင့် ပန်းချီများအတွက်) သို့မဟုတ် တည်းဖြတ်ထားသော စာတန်းထိုးများ (ဗီဒီယိုများအတွက်)ကို ရုရှားဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြရန်နှင့် ပြိုင်ပွဲဝင်လက်ရာဖန်တီးသူ၏ Last name၊  First Name ၊ အသက် (ဖန်တီးမှုအဖွဲ့လိုက်ဖြစ်ပါက တစ်ဦးချင်း၏ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါ အချက်အလက်များ)နှင့် နိုင်ငံစသည့်အချက်အလက်များ ပါဝင်ရမည်။

၄။      ပြိုင်ပွဲဝင် ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုတို့အနက်မှ ပထမဆုရရှိသည့် ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ပေးပို့ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပထမဆု အပါအဝင် အကောင်းဆုံးပိုစတာ၊ ပန်းချီနှင့် ဗီဒီယို(၁၀)ခုစီကို အပြည်ပြည်ဆိုင်ရာ  အဂတိလိုက်စားမှုဆောင်ရွက်ချက်များအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံး၏ Website သို့ ပေးပို့သွားမည်ဖြစ်ပါသည်။

၅။      ပြိုင်ပွဲဝင်များသည် အောက်ပါအချက်များကို လိုက်နာရမည်-

            (က)   တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်ဆန့်ကျင်သော စာသားများ၊ ဇာတ်ကွက်များ၊သရုပ်ဖော်မှုများ၊ အသုံးအနှုန်းများကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထည့်သွင်းခြင်းမပြုရ၊

            (ခ)     မူပိုင်ခွင့်ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်၊

            (ဂ)     ပြိုင်ပွဲဝင် ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုများအတွက် အသုံးပြုခြင်းကို ခွင့်ပြုပေးရမည်၊

            (ဃ)   ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါအချက်များကို မှန်ကန်စွာဖြည့်စွက်ပေးပို့ရမည်၊

            (င)     ပြိုင်ပွဲဝင်ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုတို့ကို Artificial Intelligence (AI) နည်းပညာအသုံးပြု၍ ယှဉ်ပြိုင်ခြင်း မပြုရ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

 

Description: C:\Users\TinTunAung\Desktop\30-5-2025\295251.jpg