ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ် ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက် လျက်ရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ် ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက် လျက်ရှိ

 

နေပြည်တော်    ဇွန်    ၇

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌    ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အ စည်း အသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင် ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံနှင့်တာဝန်ရှိသူများသည်  စစ်ကိုင်းမြို့အတွင်းငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော သောတာပန်ရပ်ကွက် လေးကျွန်းမာရ်အောင်မြတ်စွာ ဘုရားကြီးရှိ သာသနိကအဆောက်အအုံများနှင့်စေတီတော်ကြီးပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်တာဝန်ရှိသူများသည်    စစ်ကိုင်း တောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စေတီတော်ကြီး ၏ငှက်ပျောဖူးအား အပိုင်းလိုက်ဖြတ်၍     ရထားပျံဖြင့်မြေသို့ပင့်ဆောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ မြေသားညှိခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအ နေများ၊ သာသနိကအဆောက်အအုံများ၊ ဥမင်သုံးဆယ်စေတီတော်၌  သာသနိက အဆောက်အအုံများ၊   ပိတောက်ချောင်ကျောင်းတိုက်ရှိ သာသနိကအဆောက်အအုံများ၊  သောတာပန်ရပ်ကွက် ရွှေဟင်္သာကျောင်းတိုက်ရှိ သာသနိကအဆောက်အအုံများနှင့် သကျဓီတာသီလရှင်စာသင်တိုက်ရှိ    သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်တာဝန်ရှိသူများက   မိုးမကျမီ စက်ယန္တရားကြီးဖြင့်  ဖယ်ရှားရှင်းလင်း ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ အားဖြည့်အချိုရည်များပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍  ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်တာဝန်ရှိသူများသည်  နန်းဦးမြို့သစ်လေး ကျွန်းမြေအုဌ်ကျောင်း  ပရိယတ္တိစာသင်တိုက်တွင် သံဃာတော်များ သီတင်းသုံးနေထိုင် ရန်အတွက် ယာယီကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ပါရမီရပ် ကွက် နှစ်(၇၀၀)ပြည့် အားကစားကွင်းအတွင်းရှိ တပ်မတော်နယ်လှည့်ဆေး ကုသရေး အဖွဲ့မှ စစ်ကိုင်းမြို့ ငလျင်ဘေးဒဏ်သင့်သံဃာတော်များ၊ သီလရှင်များနှင့် ဒေသခံပြည် သူ များကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက်  ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်တာဝန်ရှိသူများသည်  စစ်ကိုင်းမြို့၊ ပိုးတန်း ရပ်ကွက်    ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အမှတ်(၁)အခြေခံပညာ အထက် တန်း ကျောင်းရှိ (၃)ထပ်ဆောင်အား မိုးမကျမီစက်ယန္တရားကြီးဖြင့် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများ၊ယာယီစာသင်ဆောင်များဆောက်လုပ်နေမှုအခြေအနေများနှင့်စာသင်ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်အားပေးဆောင်ရွက်နေကြသည့်  လုံခြုံရေးတပ်ဖွဲ့ဝင် များ အား ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံမှ အားဖြည့် အချိုရည်များပေးအပ်ပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

 အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင် နှင့်တာဝန်ရှိသူများသည်  မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊  မောရဂီဝါရပ်ကွက်ရှိ  ၃၂ လမ်း၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ကစ္စနမဟီရပ်ကွက် များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော   အန္တရာယ်ရှိလူနေအဆောက်အအုံများနှင့် နေ့စဉ်အများပြည်သူအသုံးပြုမှုများသည့် လမ်းမကြီးများဖြစ်သည့်အတွက် လမ်းပိတ် ဆို့မှု    မဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ  သွားလာနိုင်ရေးတို့အတွက်   ကူညီကယ် ဆယ် ရှင်း လင်းရေးလုပ်ငန်းများ   ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်၊  ကစ္စနမဟီ ရပ်ကွက်၊ ရွှေချည်ထိုးရပ်ရှိ အန္တရာယ်ရှိ အဆောက်အအုံသည် ၃၅ လမ်း ခုံးကျော်တံ တားနှင့်  ကပ်လျက်ဖြစ်သည့်အတွက် ခုံးကျော်တံတားနှင့်အနီးရှိ အဆောက်အအုံများ အား ထိခိုက်မှုမရှိစေရေးအထူးဂရုပြုဆောင်ရွက်ရန်မှာကြားခဲ့ပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက်    ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်အဖွဲ့သည် အောင်မြေသာစံ မြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ Sky Villa နေရာသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ရှင်းလင်းရန်ကျန်ရှိနေသည့် “ A ” ဆောင်အား စက်ယန္တရား ကြီးများအသုံး ပြု၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းအခြေအနေများ၊ ဖြိုဖျက်ပြီးသော အဆောက်အအုံ နေရာများတွင် အပျက်အစီးများ ဆက်လက်ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများ၊ လုပ်ငန်းခွင်အနီးရှိပစ္စည်း လက်ခံ/ လွှဲပြောင်းရေးအဖွဲ့ယာယီရုံးတွင် Sky Villa အဆောက် အအုံ အပျက်အစီးများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဖယ်ရှားရှင်းလင်းရာမှ ဖော်ထုတ်ရှာဖွေတွေ့ရှိသောပစ္စည်းများအား ပစ္စည်းလက်ခံရှာ ဖွေစု ဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှုနှင့် ထိန်းသိမ်း ထားရှိမှု အခြေအနေ များနှင့် သက်ဆိုင်ရာပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်လွှဲပြောင်း ပေးနိုင်မှုအခြေ အနေများအား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန်၊ အနီးရှိအဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိ သူများသည်   မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့အတွင်းရှိ အမှတ်(၁၈)အခြေခံ ပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းပတ်ဝန်းကျင်  သန့်ရှင်းသာယာ လှပရေးအတွက်  နယ်မြေခံတပ်မတော်သားများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ   ဆောင်ရွက်ပေးနေမှု အခြေအနေများအားလည်းကောင်း၊  ငလျင်ဒဏ်ကြောင့်  ထိခိုက် ပျက်စီးသွားသောစာသင်ဆောင်အခန်းများအား ပြုပြင်ပြီးစီးမှုအခြေအနေများနှင့်   အပျက်အစီးများအား တပ်မတော်သားစစ်သည်များမှ အင်တိုက်အားတိုက် ရှင်းလင်း နေမှုအခြေအနေများအားလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၇၆ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အန္တရာယ်ရှိ လူနေအဆောက်အအုံအား စက်ယန္တရားကြီးများအသုံးပြု၍ အင်တိုက်အားတိုက် ဖြိုချရှင်းလင်းနေမှု   အခြေအနေ အားလည်းကောင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန်  မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊   ဆူးကုန်းရပ်ကွက်ရှိ    ငလျင်ဒဏ်ကြောင့်                  ပျက်စီးသွားသော ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ယာယီ(၃)ခန်းတွဲလိုင်းခန်းများဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊အသစ်ထပ်မံဆောက်လုပ်ပေးမည့်မြေနေရာများနှင့်ခရိုင်အသေးစားစက်မှုလက်မှုရုံးဝန်းအတွင်း၌ Modular Container House များဖြင့် (ယာယီ)ရုံး  ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားသွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့၊ ပြည်သူ့ဆေးရုံအနောက်ဘက်၌  ဆည်မြောင်း ဦးစီးဌာနမှ ဇော်ဂျီမြစ်ရေထိန်းတာပေါင်လုပ်ငန်းများအား စက်ယန္တရားများဖြင့်  မြေဖို့ ခြင်းနှင့် တာတမံများပြုပြင်ထိန်းသိမ်းခြင်း  ဆောင်ရွက်နေမှုအခြေအနေများ၊ အခြေခံ ပညာ  အလယ်တန်းကျောင်းခွဲ(မြင်စိုင်း) ကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့်စဉ့်ကိုင်မြို့နယ်၊   ဘဲလင်းကျေးရွာအုပ်စု၊ ဘဏ္ဍာကျေးရွာရှိ ရွှေမြင်တင်ဘုရားကြီးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးဘုရားကြီးပြန်လည်ပြုပြင်မွမ်းမံမည့်အစီအမံ များနှင့် ရှေးမူမပျက်ပြန်လည်ပြုပြင်နိုင်ရေးနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိ သူများအား မှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။