ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာအနီးရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှု

ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာအနီးရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှု

 

နေပြည်တော်   ဇွန်   ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိ ကျေးရွာအနီ းရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ယနေ့နံနက်ပိုင်း တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်သည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ သွားရောက်ကြည့်ရူစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မိုင်းခွန်ကျေးရွာအုပ်စုရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ သွားရောက်၍ နမ့်ဝုတ်ချောင်းမှ ရေရရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုနှင့် ဓာတ်အားပေး စက်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက် အလက်များ၊ ဓာတ်အားပျောက်ဆုံးမှုနှင့်   ဓာတ်အားပြတ်တောက်မှုလျော့နည်း ကျဆင်းစေရေးဆောင် ရွက် ထားရှိမှု၊ ဓာတ်အားပို့လွှတ်ပေးနေမှု လုပ်ငန်းလည်ပတ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင် ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။