KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကျိုက်ထို မြို့နယ်၊ဘိုက္ကားကျေးရွာအနီး အရပ်ဘက်မော်တော်ယာဉ်တစ်စီးအား မိုင်းထောင်ဖောက်ခွဲခဲ့ သဖြင့် အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ
နေပြည်တော် ဇွန် ၁၃
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့် အယှက်ဖြစ်စေရန်၊အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများထိခိုက်စေရန်ရည်ရွယ်၍ လမ်း၊တံတားများအားဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင် ရာအဆောက်အအုံများနှင့်လူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက် ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေးနှင့်မသက်ဆိုင်သောအေးချမ်းစွာသွား လာလျက် ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့်အရပ်ယာဉ်များကိုလည်း နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်းများ၊ မိုင်းထောင် ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှ ကျိုက်ထိုမြို့ဘက်သို့ထွက်ခွာလာသည့်ယာဉ်မောင်း မျိုးမင်းခန့်မောင်းနှင်ပြီး ခရီးသွားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ စီးနင်းလိုက်ပါလာသော WISH အမျိုးအစား မော်တော်ယာဉ်အား ဘိုက္ကားကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း၌ KNU အဖွဲ့မှ အကြမ်း ဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား တာဝန်ရှိသူများက ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ် သည့်ဆေးဝါးကုသမှုများခံယူစေလျက်ရှိသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများက တပ်မတော်ယာဉ် တန်းအား မိုင်းဆွဲတိုက် ခိုက်စဉ် အရပ်သားများလိုက်ပါလာသည့် မော်တော်ယာဉ် ၁ စီးအား မိုင်းစထိမှန်ခဲ့ပြီး အရပ်သား ပြည်သူ များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်ဝါဒဖြန့် သတင်းထုတ်ပြန်မှုများရှိနေသည်ကို တွေ့ရှိရ သည်။ အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူ သွားလာနေသည့် လမ်းများပေါ်တွင် လက်လုပ် မိုင်းမျိုးစုံထောင်ခြင်း၊ အဝေးမှမိုင်းဆွဲတိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ မကြာခဏပြု လုပ်လျက်ရှိသဖြင့် အပြစ်မဲ့ပြည်သူများ မကြာခဏထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ် လျက်ရှိသည်။
သို့ဖြစ်၍ခရီးသွားပြည်သူများဘေးကင်းလုံခြုံစွာခရီးသွားလာနိုင်ရေးအတွက် ဖြစ်စဉ်ဖြစ်ပွားရာ လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်း လင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။