၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်လတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါးမက်ထရစ်တန် လေးသောင်းကျော် တင်ပို့နိုင်

 

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်လတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုနငါးမက်ထရစ်တန် လေးသောင်းကျော် တင်ပို့နိုင်

 

ရန်ကုန်   ဇွန်  ၁၃   

      ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ရေထွက်ကုန် ငါးမက်ထရစ်တန် လေးသောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဧပြီလ ၁ ရက်ကနေမေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ငါးမက်ထရစ်တန် ၄၃၆၆၅ ဒသမ ၈၅၈ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၄၇၆ သန်း ရရှိခဲ့ပါတယ်"ဟု ၎င်းကပြောသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၂၁၀၉၂ ဒသမ ၁၂၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁၉၂ သန်းရရှိပြီး နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၂၂၅၇၃ ဒသမ ၇၃၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ၂၈၄ သန်းရရှိသည့်အတွက်  ပြည်ပသို့ ငါးစုစုပေါင်းမက်ထရစ်တန် ၄၃၆၆၅ ဒသမ ၈၅၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၄၇၆ သန်း ရရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်    ကာလတူအချိန်က ပြည်ပသို့ ငါးမက်ထရစ်တန် ၄၇၇၁၉ ဒသမ ၅၂၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆၀၁ သန်းရရှိခဲ့ကြောင်း သိရသည်။

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း  ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့လျက်ရှိသည့် အပြင်    နယ်စပ်ကုန်သွယ်ရေး စခန်းများမှလည်း  တိုက်ရိုက် တင်ပို့လျက် ရှိကြောင်း သိရသည်။