ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်
နေပြည်တော် ဇွန် ၁၃
၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေးပွဲကိုယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ ကာကွယ်ရေး ဦးစီး ချုပ်(ရေ)ကိုယ်စား နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အား ကစားသမား များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ရေတပ်သင်္ဘောကျင်းဌာနချုပ်အသင်းနှင့် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေး ပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများနှင့် တံခွန်စိုက်ဖလားဆု ရရှိသော ရေတပ်သင်္ဘောကျင်းဌာနချုပ် အသင်းအား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ် ကဲမှုဌာန ချုပ်မှူးနှင့် အဖွဲ့ဝင်များက တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုများ အသီးသီးပေး အပ်ချီးမြှင့် ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)ကွပ်ကဲမှုအောက် ရေတပ် စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၉ သင်းဖြင့် မေလ ၂၃ ရက်မှ ယနေ့အထိပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
