တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄)သို့ တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား အသုံးအဆောင်ပစ္စည်းများပေးအပ်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄)သို့ တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား အသုံးအဆောင်ပစ္စည်းများပေးအပ်

နေပြည်တော်    ဇွန်   ၁၃

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄) သို့တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအားအသုံးအဆောင်ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း တွင် မြိတ်မြို့ရှိ နယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသား များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အမှာစကားများပြောကြားပြီး  ပြည်သူ့ စစ်မှုထမ်း သင်တန်းသား များအတွက် အသုံးအဆောင်ပစ္စည်းများပေးအပ်ရာ သင်တန်း သားများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်း သားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။