အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်
နေပြည်တော် ဇွန် ၁၃
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း စက်ပစ် ကွင်း၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ နှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦး ချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိ ကြသူများ၊ ဆင့်ပွားဒိုင်းဆုနှင့် ဒိုင်းဆုရရှိသော ပုသိမ်လေတပ်စခန်းဌာနချုပ်အသင်း တို့အား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တက်ရောက်လာကြ သူများက အမျိုးသား ပွဲစဉ်ကာဘိုင်ထိလဲ စွမ်းရည်ပြပစ်ခတ်မှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တိုင်းမှူးဒိုင်းသေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇွန်လ ၇ ရက်မှ ယနေ့အထိ ယှဉ်ပြိုင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
