ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံ       

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံ       

နေပြည်တော်  ဇွန်  ၁၃

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟို အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ   ဗိုလ်ချုပ်ကြီးခင်အောင်မြင့်(အငြိမ်းစား)၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ၊  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက်မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့၊  ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက ဩဝါဒစကားပြောကြားပြီး တိုင်းမှူးက အမှာစကားပြောကြားသည်။ ယင်းနောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များက အသီးသီး ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင် အဖွဲ့ဘဏ္ဍာ ရေးမှူး ဗိုလ်မှူးချုပ်ရဲနိုင်မျိုး(အငြိမ်းစား)က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ဆက်လက်၍ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်တိုင်းမှူးတို့ကစစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များအား အသုံးအဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီးစစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။