အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့် ပတ်သက်၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းပြုလုပ်

 

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့် ပတ်သက်၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းပြုလုပ်

 

နေပြည်တော်    ဇွန်    ၁၃

   မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်ပတ်သက်၍ ရှင်းလင်းပြသ ခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တစ်ဦးက မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် အသုံးပြုနေမှုများကို လိုက်လံကြည့်ရှု၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း   သတင်းရရှိသည်။