ဇမ္ဗူသီရိမြို့နယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၂ ဦးအား ဖမ်းဆီး အရေးယူထား

 

ဇမ္ဗူသီရိမြို့နယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၂ ဦးအား ဖမ်းဆီး အရေးယူထား

 

နေပြည်တော် ဇွန် ၁၅

      နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဇွန်လ ၁၄ ရက်နေ့က လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၂ ဦးအား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း  လှည့်ကင်းဆောင်ရွက်စဉ် ပညာသိဒ္ဓိရပ်ကွက်အရောက်၌ လူနေထိုင်ခြင်းမရှိသည့် တိုက်အမှတ်(၂၇)ပေါ်မှ အသံကြားရ၍ တက်ရောက်စစ်ဆေးခဲ့ရာ လျှပ်စစ်မီးကြိုးများ  ဖြတ်တောက်ခိုးယူနေသည့် ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာနေသူများဖြစ်ကြသည့် ဇော်ဇော်အောင်(၃၉)နှစ်နှင့်  ထက်လင်းကို(၂၅)နှစ်တို့ ၂ ဦးအား လျှပ်စစ်မီးကြိုး ၁၁ ပိဿာခန့်နှင့် လျှပ်စစ်မီးကြိုးဖြတ်တောက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ    တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၂ ဦးအား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ်မြေရဲစခန်း (ပ)၁၉/ ၂၀၂၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)ဖြင့်အမှုဖွင့် အရေးယူထားကြောင်း    သတင်းရရှိသည်။