သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

 

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

 

မင်းဘူး        ဇွန်  ၁၆

      မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် စကုမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများ၌ မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဇွန်လ ၁၅ ရက်  နံနက်ပိုင်းတွင်   ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦး ဦးဆောင်ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ စကုမြို့ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊   ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း အဖွဲ့များက စကုမြို့ပေါ် ရပ်ကွက်များအတွင်း မိုးတွင်းကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်ရပ်ကျောင်းတို့၌ တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး အေးချမ်းစွာ ပညာသင်ကြားနိုင်ရန် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စကုမြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များနှင့် ကျောင်းပတ် ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သော နေရာများကို သန့်ရှင်းရေးပြုလုပ်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေလှောင်ကန်များ အတွင်း အဘိတ်ဆေးခတ်ခြင်း စသည့် အသိပညာပေး လုပ်ငန်းများကို   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။