မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး (၁/၂၀၂၅) သရုပ်ဆောင်သင်တန်း ဖွင့်ပွဲကျင်းပ

 

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး (၁/၂၀၂၅) သရုပ်ဆောင်သင်တန်း ဖွင့်ပွဲကျင်းပ

 

ရန်ကုန်  ဇွန်  ၁၆

      မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(၁/၂၀၂၅) သရုပ်ဆောင်သင်တန်းဖွင့်ပွဲကို    ဇွန်လ ၁၆   ရက်တွင်   ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ    မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌     ကျင်းပရာ မြန်မာနိုင်ငံ   ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ   ဦးကြည်စိုးထွန်း၊သင်တန်းဆရာများ၊ ဒါရိုက်တာများ၊ အနုပညာရှင်များ၊   ထုတ်လုပ်သူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်း ဆရာဦးဟိန်းစိုးက သင်တန်းနှင့်ပတ်သက် ၍ ရှင်းလင်း ပြောကြားသည်။

"ဒီသင်တန်းကိုလာတက်ကြတဲ့ သား တို့၊သမီးတို့အနေနဲ့ သရုပ်ဆောင်ပညာတွေ သေချာလေ့လာသင်ယူပြီး  မြန်မာ့ရုပ်ရှင်လောကကို   စောင့်ရှောက် နိုင်ကြပါစေ၊၊   သားတို့၊  သမီးတို့ကို သင်ကြားပေးမယ့် ဆရာတွေကလည်း အတွေ့ အကြုံရင့်သူတွေ ဖြစ်တဲ့အတွက် ကြိုးစားကြပါ" ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းကပြောသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (၁/၂၀၂၅)သရုပ်ဆောင်သင်တန်းသို့     သင်တန်းသား၊  သင်တန်းသူ   ၃၀ ကျော် တက်ရောက်ပြီး  သင်တန်းကာလမှာ သုံးလ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။