အိမ်မဲမြို့နယ်၌ စွန့်ပစ်အမှိုက်လေးမျိုး ခွဲခြားစွန့်ပစ်မှုအကြောင်း ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

 

အိမ်မဲမြို့နယ်၌ စွန့်ပစ်အမှိုက်လေးမျိုး ခွဲခြားစွန့်ပစ်မှုအကြောင်း ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

 

အိမ်မဲ   ဇွန်   ၁၇

       ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ခရိုင် အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  အခြေခံပညာအလယ်တန်း‌‌ကျောင်း -ခွဲ (ညောင်ဝိုင်း)၌  စွန့်ပစ်အမှိုက် လေးမျိုး ခွဲခြားစွန့်ပစ်မှုအကြောင်း ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းကို  ဇွန်လ ၁၇ ရက်တွင် ကျင်းပသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ  ဦးမျိုးဇော်က  ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ အမှိုက်ပုံးလေးမျိုး ဖြစ်သော အမှိုက်စို (အဝါရောင်)၊ အမှိုက် ခြောက် (အဝါရောင်)၊  ဘေးအန္တရာယ်ရှိ အမှိုက် (အနီရောင်)၊ ပလတ်စတစ်အမှိုက် (အပြာရောင်)စသည့် အရောင်ခွဲခြားမှုများ နှင့်      စွန့်ပစ်ရမည့် အမှိုက်အမျိုးအစား အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျောင်း သား၊ ကျောင်းသူများအား စွန့်ပစ်အမှိုက် လေးမျိုးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး အမှိုက်ပုံးလေးမျိုးထဲသို့ လက်တွေ့အမှိုက် စွန့်ပစ်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။